စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီတပ်မှ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအားမီးရှို့ဖျက်ဆီး၊ အနီးတစ်ဝှိက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ရက် ကေအဲန်ယူ - ဗဟို

ဇွန်လ (၂၅) ရက်နေ့ ညနေ (၅) နာရီ မိနစ် (၄၀) အချိန်က ကေအဲန်ယူ-သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာအနီး၌ နယ်မြေကျူးကျော်လာသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) ပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေခံ KNU ပူးပေါင်းတပ်တို့အကြား မိနစ် (၄၀) ခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များမှ ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေး(ကော်ကြာသဲ)ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များသည် ထုံးဘိုလေးကျေးရွာ အတွင်းရှိ လူနေအိမ်များသာမက အထက်တန်းစာသင်ကျောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းပါမကျန် မီီးရှို့ဖျက်ဆီးခဲ့ကြသည်။

စစ်ကောင်စီတပ်များသည် ဇွန်လ (၂၆) ရက်နေ့နံနက်ပိုင်းမှစ၍ ကျေးရွာအတွင်း ကျန်ရှိနေသေးသော လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး အိမ်ခြေမည်မျှမီးလောင်ပျက်စီးသွားသည်ကိုမူ အတိအကျမသိရသေးပါ။

ထို့အပြင် ဇွန်လ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့များ၌ အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉)စခန်းမှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ကြောင့်အနီးတစ်ဝိုက် ကျေးရွာ များဖြစ်သော ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ကျေးရွာ များမှဒေသခံအမြောက်အများ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာ ဒေသများ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထုံးဘိုလေး(ကော်ကြာသဲ)ကျေးရွာသည် အိမ်ခြေ (၁၅၀) ကျော် ရှိပြီးဇွန်လ (၁)ရက်နေ့မှစ၍ စစ်ကောင်စီ ခမရ အမှတ် (၉) တပ်စခန်းမှ ထုံးဘိုလေး ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်
ဆက်တိုက်ပစ်ခတ်မှုများကြောင့် ရွာသားများမှာ ရွာအတွင်းမနေရဲတော့ပဲ လူဦးရေ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဇွန်လ (၂)ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့(ဝီယော်စခန်း)မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထားခဲ့မှုများလည်းရှိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံတပ်များသည် ကေအဲန်ယူ သထုံမြို့နယ် အတွင်း၌ တပ်စွဲထားသော စကခ (၈)ပိန္နဲတောစခန်း၊ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း ကျူးကျော် တပ်စွဲထားသော လေးကေစစ်ကောင်စီစခန်းနှင့် ဝင်းတာပန်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်၊ တပ်ချိန်းရန် နှင့် အင်အားတိုးချဲ့ရန် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာမှုများ လုပ်ဆောင်နေမှုကြောင့် နယ်မြေခံ KNU လက်အောက်ခံတပ်များနှင့် မကြာခဏထိတွေ့ပစ်ခတ်မှုများရှိသည်။