စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများအား ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်ထိပ်တိုက် တိုက်ပွဲဖြစ်ပွား


ဇွန်လ(၂၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
ဇွန်လ၊ (၂၈)ရက် နံနက်(၇)နာရီအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေး ရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဝဲလဗျင်းကျေးရွာအနီး၌ အာဏာ သိမ်း စစ်ကောင်စီနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးခဲ့သည်။

ထို့နောက်နံနက် (၈)နာရီ ခွဲအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ခလရ(၆၀)တပ်ရင်းမှ ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်တွင် ဒရုန်းဖြင့် လက်နက်ကြီး ပစ်ချခဲ့ရာ အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအမျိုးသမီးသည် အသက်(၃၀)နှစ်ရှိ နော်အယ်စေးဖောဖြစ်ပြီး သူမ၏ ဘယ်ဘက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စပ်လဲ ကျေးရွာအနီးရှိ စောပန်းသီး၏ တဲကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သည်။

ဇွန်လ (၂၇) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ မေတ္တာရပ်ကွက်၊ သိမ်တန်းရပ်ကွက်ရှိ ပြည်သူလူထုများအား ရွှေ့ပြောင်းနေထိုင်ရန် သတိပေးခဲ့ပြီး ဇွန်လ(၂၈)ရက်နေ့တွင်လည်း ရွာကန့်လန့်ကျေးရွာတွင် စခန်းချသော အာဏာသိမ်းအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနှင့် ရွှေသောင်စသည့် ကျေးရွာများအား ကျေးရွာ မှ ထွက်ခွာရန် မောင်းထုတ်ခဲ့သည်။

ဇွန်လ(၂၇) ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရို်င၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနှင့် ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော်ကြား နေ့လည်(၂)နာရီနှင့် (၄)နာရီဝန်းကျင်တွင် ထိပ်တိုက် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ (၅)ဦးသေဆုံးခဲ့သည်။

ဇွန်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၈)ဦးသေဆုံးကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှုမရှိပါ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရို်င၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊ အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း(အထက်ပိုင်း)၊ မမယမ်း(အောက်ပိုင်း) စသည့် ကျေးရွာပေါင်း(၃၀)မှ လူဦးရေ စုစုပေါင်း (၁၆၁၃၇) ဦး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တာဝန်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီဘက်မှ စတင်ကျူးကျော် လှုပ်ရှားသည့် ဇွန်လ(၂၄)ရက်နေ့မှ ယနေ့အချိန်အထိ ပြည်သူလူထုနေထိုင်ရာ ဒေသသို့ နေ့ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်လျက်ရှိသည်။