စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေခြင်းကြောင့် ကျေးရွာသူကျေးရွာသားများမှ တည်ထောင်ထားသည့် ကိုယ်ထူကိုယ်ထ ကျောင်းများ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရခြင်း


ဇွန်လ(၂၉)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ် ခြင်းကြောင့် ကျေးရွာပေါင်း(၁၁)ရွာမှ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းများ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရပါသည်။

ထိုကျောင်းများသည် ကျေးရွာသူ ကျေးရွာသားများမှမိမိတို့၏ ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ကျောင်းများဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ၏ ထိုသို့သောလုပ်ရပ်များကြောင့် ထိုကျေးရွာများမှ ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကြိုးစားတည်ထောင်ထားသော ပညာရေးလုပ်ငန်းအား ရပ်တန့်စေခြင်းသည် လူ့အခွင့်အရေးကို ပီပီပြင်ပြင် ချိုးဖောက်နေခြင်းဖြစ်သည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွေ့ပြောင်းတိမ်းရှောင်နေရသည့် ကျေးရွာများဖြစ်သော ကျွန်းကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား၊ ပေါက်သတော၊ ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစသည့် ကျေးရွာ(၁၁)ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း တည်ထောင်ထားပြီး ကျောင်းသားဦးရေ စုစုပေါင်း(၄၇၆)ဦး ရှိသည်။