စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီတပ် များမှ ရွာသားတစ်ဦးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းအောက်တွင် မိုင်းများထောင်ထားခြင်း။


၃၀ ၊ဇွန်လ ၂၀၂၂ ၊ ကေအဲန်ယူ - ဗဟို။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် ခမရ(၄၃၉)၊ခမရ(၃၅၁)၊ခလရ(၆၀)တို့သည် နယ်မြေစိုးမိုးမှု၊ စစ်ရေးလှုပ်ရှားမှု၊ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုခြိမ်းခြောက်မှုများပြုလုပ်သည့်အတွက်ကြောင့် ငဗျက်အင်းရွာနှင့် အင်းနက်ရွာကြားတွင် ၂၀၂၂ခုနှစ် ဇွန်လ ၂၅ ရက်နေ့ က နံနက် ၇ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ် များအ​ကြား နှစ်နာရီကျော်အကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားရာနေရာဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူ ရွာသားများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။

ဇွန်လ ၂၆ ရက်​နေ့တွင် အင်းနက်ရွာသား (၃)ဦးသည် ထွက်ပြေးစဉ်က ချည်နှောင်ထားခဲ့သော ကျွဲများကို ပြန်လာလွှတ်ပြီးနောက် ရွာအတွင်းသို့ ပြန်ဝင်လာစဉ် သေနတ်သံကြားသဖြင့် ထွက်ပြေးလာခဲ့ကြပါသည်။ ထိုစဉ်တွင် ရွာသားနှစ်ဦးမှာပျောက်ဆုံးနေခဲ့ပါသည်။ ဇွန်လ ၂၉ ရက်နေ့တွင် ပျောက်ဆုံးနေသူများကို ရွာသားများကပြန်လည်ရှာဖွေခဲ့ရာ စစ်ကောင်စီတပ် သတ်ဖြတ်ခြင်းခံခဲ့ရသော အင်းနက်ရွာသားစောမူးသာ(အသက်၄၀နှစ်)၏ရုပ်အလောင်းကို အင်းနက် ဘုန်းကြီးကျောင်း၏ အရှေ့ဖက် ငှက်ပျောရုံအနီးတွင်တွေ့ရှိရပါသည်။ ရွာသားများက ထိုရုပ်အလောင်းအားကောင်းမွန်စွာမြှုပ်နှံရန် ရွှေ့ပြောင်းစဉ်တွင် အလောင်း၏အောက်တွင်မိုင်း(၃)လုံးထောင်ထားကြောင်းတွေ့ရှိရပြီးပျောက်ဆုံးနေသော ကျန်ရွာသားတစ်ဉီးအား ယခုအထိရှာဖွေမတွေ့ရှိရသေးကြောင်း သိရှိရပါသည်။