စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီတပ်မှ ထုံးဘိုလေးကျေးရွာမှ ပြည်သူ့ပိုင် ပစ္စည်းများကို တပ်ရင်းများသို့ ပြန်လည်သယ်ဆောင်နေ


၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် ကေအဲန်ယူ - ဗဟို

ဇွန်လ ၂၈ ရက်နေ့ နံနက် ၇နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ အမှတ် (၉) နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ၎င်းတို့ မီးရှို့ဖျတ်ဆီးခဲ့သည့် သထုံမြို့နယ် ထုံးဘို လေးကျေးရွာအတွင်း မီးမလောင်ပဲ ကျန်ရှိနေသေးသော ရွာသားပိုင်ဆိုင်ကယ်များ၊ ဝါး၊ သစ်များ၊ စားဆီများ၊ အိုးခွက်ပန်းကန်များနှင့် အခြားပစ္စည်းများကို ခမရ အမှတ်(၉)စခန်း၊ အမှတ် (၉) လက် အောက်ခံ ဝီယော်စခန်း၊ ခမရ အမှတ်(၃) စခန်းများသို့ပြန်လည်သယ်ဆောင်သွားခဲ့ပါသည်။

ထုံးဘိုလေးကျေးရွာမှ စစ်ကောင်စီတပ်သားများ ယူဆောင်သွားသည့် ပစ္စည်းများမှာဆိုင်ကယ် (၂၁) စီး၊ နေအိမ်ဆောက်လုပ်မည့်သစ် (၉၃) တန်ကျော်၊ စပါးတင်းပေါင်း (၃၀၀)ကျော်၊ စားဆီ၊ အိုးခွက်ပန်းကန်အမြောက်အများနှင့် အခြားလူသုံးကုန်ပစ္စည်းများပါဝင်သည်။

စစ်ကောင်စီတပ်မှ အဓမ္မယူဆောင်သွားသော သစ်နှင့် ဝါးများမှာ ထုံးဘိုလေး ရွာသားများ နေအိမ်ဆောက်လုပ်ရန် စုဆောင်းထား သည့် သစ်နှင့်ဝါးများ ဖြစ်ပြီးဇွန်လ (၂၉) ရက်နေ့နံနက် ပိုင်းတွင်လည်း ကျန်ရှိနေသေးသော ပစ္စည်းများကို ကား(၄)စီးဖြင့်သယ်ယူသွားခဲ့သည်ဟုသိရသည်။

ဇွန်လ (၂၅) ရက်နေ့က ကေအဲန်ယူ-သထုံမြို့နယ်အတွင်း နယ်မြေကျူးကျော်လာသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) ပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေခံ KNLA တပ်ရင်း(၂) တပ်ဖွဲ့တို့အကြား မိနစ် (၄၀) ခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များမှ ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ ဦးရေ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။