စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ်၊ ဇွန်လအတွက် တိုက်ပွဲသတင်းချုပ်


၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ကေအဲန်ယူ−ဗဟို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးအသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၆၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ တပ်များ၊ နယ်ခြားစောင့်တပ်(BGF)များဘက်မှ (၄၁၀) ဦး သေဆုံးပြီး (၃၃၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၇) ဦးအ သက်စွန်ခဲ့ပြီး (၂၈) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။

ဒူပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြု့နယ်တောင်ပိုင်း၊ ဥကရစ်ထဒေသတွင် တိုက်ပွဲပြင်းထန်သည့် အတွက်ကြောင့် အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး ၂၇၊ ၂၈၊ ၂၉၊ ၃၀ လေးရက်အတွင်းမှာပင် လေကြောင်းမှတိုက်ခိုက်မှုပေါင်း (၉၄) ကြိမ်ပြုလုပ်ခဲ့သည်။