စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏နေအိမ် များကို ဖောက်ထွင်းဖျက်ဆီး၍ ပစ္စည်းများကိုသိမ်းယူခြင်း


ဇူလိုင်လ (၇) ရက်၊ ၂၀၂၂ ခုနှစ်
ကေအဲန်ယူ-ဗဟို

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း ထွက်ပြေး တိမ်း ရှောင်နေကြရသည့် ပြည်သူများ၏နေအိမ်များ ကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဖောက် ထွင်းဖျက်ဆီး၍ ပစ္စည်းများကို သိမ်းယူမှုများရှိခဲ့သည်။

ပြီးခဲသည့်ဇူလိုင်လ(၂)ရက်နေ့မှစ၍ ကေအဲန်ယူ-မုန်းမြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေ အတွင်း ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း(၅)ခု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာများအတွင်သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း လေယာဉ်ဖြင့် ထောက်လှမ်း ခြင်းတို့ကြောင့် ဒေသခံများ ကြောက်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ တပ်ကုန်းကျေးရွာနေထိုင်သူတစ်ဦး၏ ဆိုင်ထဲသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဖောက်ထွင်း ဖျက်ဆီးကာ ဆိုင်အတွင်းရှိ (၁၇)သိန်းတန် ကွန်ပျူတာ တစ်လုံး၊ (၃၅၀၀)တန် ဖိနပ်အရံ (၁၀၀)နှင့် အိုး ထဲထည့်ထားသည့် ငွေကျပ်(၂)သိန်း ကို ပါ သိမ်းယူခဲ့သည်။

အဆိုပါဖြစ်ရပ်မျိုး ကျွေးရွာတိုင်းလိုလိုတွင် ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် တိမ်းရှောင်နေရသည့် ကျေရွာများတွင် လူမရှိတော့သည့်အတွက် နေအိမ်၊ဆိုင်များကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ လိုက်၍ ဖောက်ထွင်းဖျက်ဆီးပြီး ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည့် အတွက် တစ်ဖက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့်ကြားမှ မိမိတို၏ပိုင်ဆိုင်မှုများကို ဖျက်ဆီး သိမ်းယူခံရသည့်အတွက် ကြီးမားသောအခက်အခဲများနှင့် ကြုံတွေ့နေလျက်ရှိသည်။