စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သထုံခရိုင်အတွင်း စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့်အပေါ် ဒေသခံလူငယ်များမှ ကန့်ကွက်ရှုံချသည့် campaign ပြုလုပ်


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်
ကေအဲန်ယူ - ဗဟို

အာဏာသိမ်းစစ်ကောင်စီတပ်များမှ သထုံခရိုင်အတွင်း အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထု၏ ပစ္စည်းများကို ခိုးယူ၊ ဓားပြတိုက်ခြင်း၊ ဒေသခံများအား ပေါတာဆွဲ၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းများ ကျူးလွန်နေသည့်အပေါ် ထုံခရိုင် အတွင်းရှိ ကရင်လူငယ်များမှ ဆန့်ကျင်ဆ္ဒပြသည့် campaignတစ်ရပ်ကို ဇူလိုင်လ ၆ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်များသည် ဇွန်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့အထိ ကေအဲန်ယူ ဘီးလင်းမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော် စစ်ရေး လှုပ်ရှားမှု (၁၅) ရက်တာကာလတွင် ဒေသခံ ရွာသား (၂၂)ဦးကို စစ်ကြောင်းတစ်လျှောက် ပေါ်တာထမ်းရန်နှင့် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြည်သူလူထု၏ ငွေကြေးနှင့်ပစ္စည်းများအား ခိုးယူ၊ စားသုံးမှုများ ဖျတ်ဆီးမှုများကျူးလွန်ခဲ့ကြသည်။

ဇွန်လ (၂၅) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်များမှ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာအား မီးတင်ရှို့ခဲ့ပြီး လူနေအိမ် (၆၁)လုံး မီးလောင်ပြာကျခဲ့ကာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရသည့်အပြင် ရွာသား (၃)ဦးကိုလည်း သတ်ဖြတ်ခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များမှ ထိုကဲ့သို့ကျူးလွန်နေမှုများကြောင့် ဒေသခံလူငယ်များစုပေါင်းကာ ဆန္ဒပြကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။