စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း ၊ ကတက်ချောင်း နှင့် မဒမချောင်း အနီးနေထိုင်သည့် ဒေသခံ ပြည်သူများအား ကုန်းလမ်းကြောင်းဖြစ်စေ၊ ရေလမ်းကြောင်း ဖြစ်စေ ခရီးသွားလာရေးတွင် ခက်ခဲအောင်ပြုလုပ်။


ဇူလိုင်လ ၆ ရက် ၂၀၂၂ ခုနှစ်
ကေအဲန်ယူ ဗဟို

ယနေ့  ၂၀၂၂ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့ နံနက် (၈းဝဝ) နာရီ မှ (၁၁းဝဝ) နာရီ တွင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ခမရ(၅၈၉) တပ်ရင်း မှ ဗိုလ်မှူး​အေးချမ်းအောင် ဦးဆောင် သည့် တပ်ဖွဲ့ဝင်အင်အား(၄)ဦး သည် လက်နက်အပြည့်အစုံဖြင့် ရွှေကျင်မြို့နယ် ပျဥ်းမပင် ရပ်ကွက်တွင်နေထိုင်သော စက်လှေမောင်းသည့် ဒေသခံ ပြည်သူများအား ပျဥ်းမပင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ စက်လှေမောင်းသည့်ပြည်သူများအား ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ ရိက္ခာတင်ဆောင်ခြင်းနှင့် ခရီးသွားလာရာတွင် စကစ၏ ထောက်ခံစာဖြင့် အသွားအလာ ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် အမိန့်ဖေါက်ဖျက်ကျူးလွန်သည့်ပြည်သူများအား စစ်ဆေး တွေ့ရှိပါက တင်ဆောင်လာသည့် ပစ္စည်းများ သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် စစ်ရေးအရ အရေးယူမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့်စားဝတ်နေရေးပြဿနာဖြေရှင်းရာတွင် ရွှေကျင်ချောင်း၊ ကတက်ချောင်းနှင့် မဒမချောင်း အနီးတစ်လျောက် တွင် ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ ခြံစိုက်ခင်းမှထွက်သည့် သီးနှံနှင့် ရိက္ခာများအား တင်ဆောင်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရပါသည်။

အကြမ်းဖက်စစ်ကောင်စီမှ ဒေသခံပြည်သူများ ကုန်းလမ်း၊ ရေလမ်း သွားလာရေးအတွက် အဆိုပါ အမိန့်အား ထုတ်ပြန်လိုက်ခြင်းအပြင်၊ ၂၀၂၂ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ရွှေကျင်မြို့နယ် အ တွင်း မနက် (၆းဝဝ) နာရီ မှ ည (၆းဝဝ) နာရီ အတွင်းသာ သွားလာရမည် ဟု (၁၄၄) ပုဒ်မ အမိန့် အား ထုတ်ပြန်ထားသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးနှင့် နောက် ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်သည့် ဖြစ်စဥ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ် ကြောက်ရွံမှုများဖြင့် သွားလာလှုပ်ရှားနေရပါသည်။