စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ဖြစ်ပွားခဲ့သော (၆)လအတွင်းတိုက်ပွဲသတင်း


၂၀၂၂ ခုနှစ်၊ ဇူလိုင်၉ရက်၊ ကေအဲန်ယူ ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းတိုက်ပွဲသတင်းများကို KNLA တပ်မဟာ ဌာနချုပ်ရုံးမှ စာရင်းပြုစုထားသည်။

ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း (၂၀၉)ကြိမ်ဖြစ်ပွားခဲ့သည်။

(၆)လအတွင်း နှစ်ဖက်ပစ်ခတ်မှုများ၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ (၄၄၅)ဦးသေဆုံးကာ (၃၂၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KNU ဆီသို့ လက်နက်ချအလင်းဝင်လာသူ (၃)ဦးရှိသည်။

(၆) လအတွင်း KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ သူရဲကောင်း (၇)ဦး အသက်စတေးခဲ့ရကာ (၈)ထိခိုက်ဒဏ်ရာရခဲ့သည်။