စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ကေအဲန်ယူ - လယ်ဒိုစိုးမြို့နယ်မှ အပြစ်မဲ့ပြည်သူလူထု ၃ ဦးကို ဖမ်းဆီး

၁၂ ဇူလိုင် ၂၀၂၂ ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် ထီးလယ်ကလေးနယ်မြေဒေသ ထားဝယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏တပ်များသည် မယ်သမီခီးသို့ တက်လာစဥ် ၂၅ မိုင် အရောက်တွင် ဝါရှူခိုကျေးရွာသား ၂ ဦး နှင့် ခီးတူခီးကျေးရွာသား ၁ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ ဖမ်းဆီးထားသော ထိုအပြစ်မဲ့ ပြည်သူလူထု ၃ ဦးတို့သည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည်ဟု ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူများ၏ ပြောပြချက်အရသိရှိရပါသည်။