စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉နှင့် ပူးပေါင်းတပ်တို့မှ ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက်၊ ညှင်းပန်း၊ နှိပ်စက်


ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးခဲ့ ပြီး ကရင်လူမျိုးများကို လက်ပြန်ကြိုးတုတ်ကာ ညှင်းပန်း၊ နှိပ်စက်ခဲ့သည်။

ဇူလိုင်လ(၁၃)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉ နှင့် ပူးပေါင်းတပ်တို့မှ ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေး ရွာ ပြည်သူလူထုများကို ဖမ်းဆီးခဲ့သည်။ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးသည့်အပြင် ပြည်သူလူထု၏ နေအိမ်သို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မယူသွားခဲ့သည်။ ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လွတ်ပြီး လူငယ်များကိုမူ ဖမ်းဆီးထားသည်။

ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတွင် ဗမာလူမျိုးများကို လက်ပြန်ကြိုးတုတ်၊ ရိုက်နှက်၊ ညှင်းပန်းနှိပ်စက်ခြင်း တစ်စုံတစ်ရာမျှ ပြုလုပ်ခြင်းမရှိပဲ ကရင်လူမျိုးများကိုမူ လက်ပြန်ကြိုးတုတ် ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးထားပြီး လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်၊ ညှင်းပန်းနှိပ်စက်ထားသော ကရင်လူငယ်များ၏ အမည်စာရင်းများမှာ (၁)စောဇေယံ ၊ (၂) စောမြင်တိုင်း ချစ် (၃)စောဆာကူနော်၊ (၄)စောမြသိန်း၊ (၅)စောစံသိန်း၊ (၆)စောကျော်မြင့်၊ (၇)စောဘီးစလား၊ (၈)စောထိုးကီ၊ (၉)စောထူးဖော၊ (၁၀)စောဝါးလူးကူး၊ (၁၁)စောဖြိုးလင်းသူ၊ (၁၂)စောငယ်ငယ်၊ (၁၃) စောကျော်မင်းထွေး၊ (၁၄)စောစိုးရည်ဦး၊ (၁၅)စောဖိုးသဲသဲ၊ (၁၆)စောခွားဆိ၊ (၁၇)စောဇေအောင်၊ (၁၈)စောမောင်ဖြူ၊ (၁၉)စောဆိုင်ကား၊ (၂၀)စောကူးကူး၊ (၂၁)စောခိုင်မိုးလင်း၊ (၂၂) စောခရစ်စတိုဘာ၊ (၂၃)စောတူတူ တို့ဖြစ်သည်။