စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်ဦး ထိမှန်သေဆုံးခြင်းနှင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခြင်း


ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်တို့မှ စပ်လဲ ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုသည် ယနေ့ ညနေ(၂)နာရီ (၂၂)မိနစ်အချိန်တွင် ကျောက်ကြီးမြို့ရှိ မာလာဦးဂိတ်နှင့် ဆင်မတောင်မှ စပ်လဲကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာရှိ ပြည်သူလူထု တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် ကျေးရွာပြည်သူလူထု၏ နေအိမ်နှစ်လုံးကို လည်း ထိခိုက်ပျက်စီးခဲ့သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျေးရွာပြည်သူလူထုမှာ အသက်(၄၀)နှစ်ရှိသူ စောရှီးမေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေး ငယ်နှစ်ဦးမှာ အသက်(၁၂)နှစ်ရှိ နော်ထီးဆဲခူနှင့် (၆)လအရွယ် စောထီးဖိုးကလိုးတို့ ဖြစ်သည်။ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတို့မှာ သားအဖများ ဖြစ်ကြသည်။ ထို့အပြင် ယနေ့နံနက် (၇) နာရီ အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ သောင်ပုကျေးရွာရှိ သင်းအုပ်ဆရာစောဖရက်စလီ၏သားဖြစ်သူ အသက်(၂၇)နှစ်ရှိ စောလာဘူအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ယနေ့နံနက် (၈)နာရီ(၃၈)မိနစ်အချိန်တွင် ကျောက်စရစ်ကျေးရွာအုပ်စု၊ သောင်ပုကျေးရွာအနီးတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၃၅၀၊ ခမရ-၆၀၃ နှင့် ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် တပ်ရင်း(၉)တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက်ကျရှုံးမှုမရှိ သော် လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်ကျရှုံးမှုကို ​တော့အတည်ပြုလို့မရသေးပေ။ ထို့နောက် နေ့လည် (၁၂)နာရီ (၄၅)မိနစ် အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင် စီတပ်များမှ ဇူလိုင်လ(၁၃)ရက်နေ့တွင် ဖမ်းဆီးထားသော အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာရှိ ပြည်သူလူထုများကို ဓားစာခံအဖြစ်ခေါ်ယူပြီး ကျောက်စရစ်စခန်းသို့ ပြန်ဝင်သွားသည်။

ထို့အပြင် ယနေ့နံနက် (၇)နာရီ(၅၀)မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ် မူသယ်ကျေးရွာအနီးတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ-၇၅နှင့် ကရင့်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) တို့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ပွားမှုတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦး ကျဆုံးခဲ့ပြီး ကရင့်အမျိုးသားကာ ကွယ်ရေးတပ်မတော်(KNDO) ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိပါ။