စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - တောင်ငူခရိုင်၊တပ်မဟာ(၂) ဒေါ်ဖခိုမြို့နယ် တပူကရူ၊ ထီးဒေးကရူ၊ ရှမ်းလယ်ပြင်ကရူ များတွင် ပြည်သူလူထုအများအပြားစစ်ဘေး တိမ်းရှောင်နေရ


၂ဝရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့များတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ၊ ဒေါ်ဖခိုမြို့နယ် တာပူဒေသ အတွင်းရှိမင်းလမ်းတောင်ရွာ၊ဆင်အံတောင်ရွာ၊မိအိ ကြီးရွာ၊မိအိကြီးရွာသစ်ကုန်းစုစည်းရွာ၊ကျွဲကျထက်/အောက်ရွာ၊ဘောဓိကုန်းရွာ၊လယ်သာရွာ၊ဂွေးသဲရွာ၊ဖြတ်လမ်းဆုံရွာဒေသများတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။

ထိုသို့ ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များဖြစ်သည့် ခလရ ၈၅ နှင့် ခမရ ၃၀၇ စစ်ကြောင်းမှတပ်များသည် ကျေးရွာများအတွင်း သို့ လက်နက်ကြီးများ ပစ်ခ တ်ခြင်း ကျေးရွာတချို့ရှိ ပြည်သူလူထုများ၏ အိမ်ယာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအပြစ်မဲ့ရွာသားတဦး လက်နက်ကြီး ထိမှန်သေးဆုံးခဲ့ရပြီး ဒေသခံ ပြည်သူလူထု အမြောက်အများ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါသည်။ မီးရှို့ခံရသောရွာများ မှာ မိအိကြီးရွာ၊ စုစည်းရွာ၊ဘောဓိကုန်းရွာ၊မိအိကြီးရွာ သစ်ကုန်း စသည့် ရွာများဖြစ်ကြသည်။ စစ်ဘေးရှောင်များသည် ဘေးလွတ်ရာ ထီးဒေးကရူ နှင့် ရှမ်းလယ်ပြင်ကရူ ဒေသများသို့ ပြောင်းရွှေ့ ရှောင်ရှားနေကြပြီး စုစုပေါင်း အိမ်ခြေ ၆၃ဝခန့် နှင့် ခန့်မှန်းလူဦးရေ ၂၆၀၀ ကျော် ရှိပါသည်။ စစ်ဘေးရှောင်ပြည်သူလူထုများသည် မိုးတွင်းကာလ နေရာထိုင်ခင်း ရိက္ခာ အခက်ခဲများ ရင်ဆိုင်နေရကြောင်းသိရှိရပါသည်။