စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
စစ်ကောင်စီတပ်များမှ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ (၄၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်၊ ကေအဲန်ယူ-ဗဟို

ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း သိမ်ဇရပ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၀)မှ လက်နက်ကြီးများဖြင့် ညစဥ်ပစ်ခတ်နေမှုများကြောင့် ဒေသခံပြည်သူ (၄၀၀၀) ဦးကျော် နေအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဇူလိုင်လ (၁၀) ရက်၊ (၁၁) ရက်နေ့နှင့် ဇူလိုင် (၁၂)ရက်နေ့ညပိုင်း များတွင် အာဏာသိမ်း စစ်ကောင်စီ (အမတ-၃၁၀) တပ်မှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ ဝင်းကံ ကျေးနယ် နှင့် ဇီးပြောင်းကျေးနယ်များ အတွင်းသို့ လက်နက်ကြီး (အလုံးရေ- ၅၀နီးပါး) ဆက်တိုက် ပစ်ခတ်မှုများ ကျူးလွန်ခဲ့သည်။

ဇူလိုင်လ (၁၉) ရက်နေ့ ည (၈) နာရီ မိနစ် (၂၀) တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်သည် သိမ်ဇရပ်အနီး ဓမ္မဒူတ ဘုန်းကြီးကျောင်းဝန်းအတွင်းမှနေ၍ ဇီးပြောင်းကျေးနယ် နှင့် ဝင်းကံ ကျေးနယ်များအတွင်း ကျေးရွာများဆီသို့ လက်နက်ကြီး (၉) လုံး ပစ်ခတ်ခဲ့သည်။

"ဒီလို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာဟာ ဒေသခံပြည်သူတွေကို ဒုက္ခ ရောက်အောင် စားဝတ်နေရေးခတ်ခဲအောင် အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေတာ ဖြစ်တယ် ဟု ကျိုက်ထိုမြို့နယ်တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ကျေးရွာများအတွင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံလူထုမှာ ရပ်ရွာများတွင်မနေရဲကြတော့ပဲ နေ့စဥ်လုပ်ငန်းကိုင်ငန်းများကို စွန့်လွှတ်၍ ဘေးလွတ်ရာ ကျေးရွာများ၊ တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်နေရာထိုင်ခင်း အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။