စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့


ဇူလိုင်လ (၂၄) ရက်၊ ၂၀၂၂ ခုနှစ်
ကေအဲန်ယူ-ဗဟို

ဇူလိုင်လ (၂၂) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ မှ ကေ အဲန်ယူ-ညောင်လေးပင်ခရိုင်,မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ တပ် ခမရ (၅၉၀) မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကော့ပြင်းကျေးရွာသို့ဝင်ရောက်လာပြီးနောက်ည (၈) နာရီအချိန်ခန့် တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်း (၁၅) ချက်နီးပါး ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ ပစ်ခတ်ခဲ့သည်။

ယင်းနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်များမှ ကော့ပြင်း (၂) ရပ်ကွက်တွင် နေထိုင်သည့် ကျေးရွာသား တစ်ဉီးဖြစ်သည့် ကိုထွေးထွေး ၏နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့်မကြာသေးမီကမှ ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်သည့် ဒေသခံပြည်သူများ ကြောက်လန့် ကာ ဘေးလွတ်ရာသို့ ထပ်မံပြီးထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု ကြောင့် အနီးအနားရှိကျေးရွာများဖြစ်သည့် ကျောင်းစု၊ အောင်ချမ်းသာ၊ မဲဇလီကုန်း၊ မီးတိုင်တော၊ စည်ပင်သာ၊ကော့ပြင်း၊ ရေတွင်းဖြူ၊ မြောင်းဉီး စသည့် ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် တိုက်ပွဲများ ပြည်လည်ဖြစ်ပွားမည် ကို စိုးရိမ်လျက် တိမ်းရှောင်နေရခြင်း ဖြစ်သည်။