စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အင်းပရိကူးတို့ဆိပ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ထောင်ထားသည့် မြေမြှုပ်မိုင်းကို ကျေးရွာ ပြည်သူလူထု တစ်ဦး ဆိုင်ကယ်ဖြင့် နင်းမိ


ဇူလိုင်လ(၂၅)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊အင်းပရိကူးတို့ဆိပ်တွင် ကျေးရွာပြည်သူလူထုတစ်ဦး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှုပ်မိုင်းကို ဆိုင်ကယ်ဖြင့်နင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အင်းပရိကူးတို့ဆိပ်၌ အသက် (၃၈) နှစ်ရှိ လိန်ပင်ဝဲကျောင်းစု ကျေးရွာသား မောင်ရဲမင်းထက်သည် ဆိုင်ကယ်ဖြင့် မိုးနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကို တစ်ဖက် ကမ်းသို့ မကူးနိုင်ရန်အတွက် ကူးတို့ဆိပ်များတွင် မြေမြှုပ်မိုင်းများ ထောင်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဇွန်လ(၁၁)ရက်နေ့မှစပြီး အာဏာသိမ်အကြမ်းဖက် စစ်ကောင်စီမှ ကူးတို့ဆိပ်အားလုံးကို ပိတ်ပစ်ခဲ့သည်။

ဇူလိုင်လ (၂၂) ရက်နေ့ ပေတူးကျေးရွာဟောင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) တို့ကြား ထိပ်တိုက် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဖက်မှ (၅) ဦးသေဆုံးကာ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။