စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၂၀၂၂ ခုနှစ် ဇူလိုင်လ တိုက်ပွဲသတင်းအနှစ်ချုပ်



သြဂုတ်လ (၉)ရက် ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဥ်ဖြစ်ပွားခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ် ပြုလုပ်နေသောကြောင့် နယ်မြေ၊ ပြည်သူလူထု၏ လုံခြုံရေး နှင့် အသက်အိုးအိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အ မျိုးသားကာကွယ်ရေးတပ် (KNDO) တို့သည်လည်း စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ခုခံလှုပ်ရှားခဲ့ရပါသည်။

ကေအဲန်ယူ - ဒူးသထူခရိုင် တပ်မဟာ - ၁ နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် BGF တပ်တို့ဘက်မှ ၂၄ ယောက်သေဆုံး၍ ၄၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကား ၈ စီး ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA ) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) မှ ဖျက်ဆီး နိုင်ခဲ့ပါသည်။ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားတိုင်းတွင် အာဏာသိမ်းစစ်ကောင်တပ်များ နှင့် နယ်ခြားစောင့်တပ် BGF တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင် များ အတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့ကြသဖြင့် အပြစ်မဲ့ ပြည်သူလူထု ၂ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသည့်အပြင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများလည်း ရှိခဲဘပါသည်။ ကေအဲန်ယူ - ဒူးသထူခရိုင် သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ဘားအံမြို့နယ်များအတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုပေါင်း ၉၄၇၆၈ ဦး ရှိပါသည်။

ကေအဲန်ယူ - တောင်ငူခရိုင် တပ်မဟာ - ၂ နယ်မြေအတွင်းတွင် တိုက်ပွဲကြီး နှင့် တိုက်ပွဲငယ်ပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ၈၇ ယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့မှ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကား ၂ စီးကို ဖျက်ဆီး နိုင်ခဲ့ပါသည်။ ကေအဲန်ယူ - တောင်ငူခရိုင်အတွင်းတွင် ထိတွေ့ပစ်ခတ်မှု နှင့် အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများရှိခဲ့သည့်အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ် ခမရ - ၅၈၁ တပ်များသည် ပြည်သူလူထုများသွားလာရာ လမ်းများပေါ်၌ မြေမြုပ်မိုင်းများထောင်ထားသဖြင့် အပြစ်မဲ့ပြည်သူလူထုများ မိုင်းနင်းမိ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။

ကေအဲန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ - ၃ နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ် တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ၇၄ ယောက် သေဆုံးကာ ၅၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO မှ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၆ စီးကို ဖျက်ဆီး နိုင်ခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီသည် စစ်တိုက်လေယာဥ်ကို အသုံးပြု၍ ကေအဲန်ယူ - ညောင်လေးပင်ခရိုင် အတွင်းသို့ ၇ ကြိမ် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု ၁ ဦးကို ထိမှန်သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မှ အပြစ်မဲ့ပြည်သူလူထု ၈ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည့်အပြင် ၁ ဦးကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်များ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထု၏ နေအိမ် ၇ လုံးကို ထိမှန်ပျက်စီးခဲ့သည်သာမက အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ပြည်သူလူထု၏ နေအိမ် ၂၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် အပြစ်မဲ့ ပြည်သူလူထုပေါင်း ၃၉ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားပြီး ထိုးကြိတ် ရိုက်နှိပ်ကာ အမျိုးမျိုးညှင်းပမ်းနှိပ်စက်သည်သာမက လမ်းပြအဖြစ်လည်းကောင်း လူသားဒိုင်းအဖြစ်လည်းကောင်း ခိုင်းစေအသုံးပြုခဲ့ကြပါသည်။ ထိုထက်မက ပြည်သူလူထု၏ ဆိုင်ကယ် ၁၃ စီး နှင့် စက်ဘီး ၁၂ ကိုလည်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များက ဖျက်ဆီးခဲ့ပါသည်။ ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ် နှင့် ဆောထိမြို့နယ်များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရန်ကို ထိန့်လန့်ကြောက်ရွံ့၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုပေါင်း ၆၁၈၉၈ ဦးရှိခဲ့ပါသည်။

ကေအဲန်ယူ - ဘိတ်/ထားဝယ်ခရိုင် တပ်မဟာ - ၄ နယ်မြေအတွင်းတွင် ထိတွေ့ပစ်ခတ်မှုပေါင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ၃၁ ယောက်သေဆုံးကာ ၄၀ ယောက်ထ်ခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သော ခလရ - ၂၈၅ တပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထု ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အပြစ်မဲ့ ပြည်သူလူထု ၂ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ကာ နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ထို့အပြင် အပြစ်မဲ့ ပြည်သူလူထု ၉ ဦးကို အတင်းအဓမ္မ ဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခဲ့ကြပါသည်။ ကေအဲန်ယူ - ဘိတ်/ထားဝယ်ခရိုင်အတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများစွာ ရှိပါသည်။

ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ - ၅ နယ်မြေအတွင်းတွင် ထိတွေ့ပစ်ခတ်မှု ၇၂ ကြိမ် နှင့် ပြောက်ကျားပစ်ခတ်မှု ၃၈ ကြိမ် စုစုပေါင်း ၁၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ၉၅ ယောက် သေဆုံးပြီး ၅၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၁ စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု ၂ ဦးကို ထိမှန်သေဆုံးပြီး ၅ ဦးကို ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုရားကျောင်း ၁ လုံး နှင့် လူနေအိမ် ၄ လုံးကို ထိမှန်ပျက်စီးခဲ့ပါသည်။ အပြစ်မဲ့ပြည်သူလူထု ၁ုဦး ကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပါသည်။ ကေအဲန်ယူ - မူတြော်ခရိုင် အတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများစွာရှိပါသည်။

ကေအဲန်ယူ - ဒူးပလာယာခရိုင် တပ်မဟာ - ၆ နယ်မြေအတွင်းတွင် တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်ဘက်မှ ၇၅ ယောက်သေဆုံးကာ ၇၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည် ။ အာဏာသိမ်းစစ်ကောင်စီ၏တပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူလူထု ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံး နှင့် စျေးဆိုင် ၁ လုံးကို ထိမှန်ပျက်စီးခဲ့ပါသည်။ ကေအဲန်ယူ - ဒူးပလာယာခရိုင် အတွင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများစွာရှိပါသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် BGF တပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် နှင့် ပြောက်ကျားပစ်ခတ်မှု အကြိမ်ရေပေါင်း ၂၅၉ ကြိမ် ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ ၃၈၆ ယောက် သေဆုံးပြီး ၂၈၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)) တို့ဘက်မှာမူ တိုင်းပြည် နှင့် လူမျိုးအတွက် ၁၂ ဦး အသက်စွန့်ခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ အပြစ်မဲ့ ပြည်သူလူထုပေါင်း ၁၉ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည် ။