စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင့်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား


ဩဂုတ်လ (၁၂) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ဩဂုတ်လ (၁၀) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနှင့် ကရင်မြက်ရဲ ကျွေးရွာအကြား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ နံနက် (၁၀း၁၀) အချိန်တွင် နောက်တစ်ကြိမ် ထပ်မံ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၉) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့် စာရင်းကိုမှု အတည်ပြု၍ မရသေးသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) ဘက်တွင်မှု မည်သည့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ ရရှိခြင်းမရှိပါ။

ဩဂုတ်လ (၆) ရက် ညနေ (၄း၅၀) အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ကြိုးပင်ဆိပ်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီစခန်းတွင် ထိတွေ့ပတ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁) ဦး သေဆုံးခဲ့ပါ သည်။
ဩဂုတ်လ (၅) ရက်နေ့ ညနေ (၄း၂၀) အချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ငှက်ပျောတောကျေးရွာ အနီးတစ်ဝှိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ အရာခံဗိုလ် (၁) ဦးနှင့် တပ်သား (၁) စုစုပေါင်း (၂) ဦးသေဆုံးခဲ့ပါသည်။