စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
(KNLA) တပ်ရင်း (၉)၊ (KNDO) တပ်ရင်း (၃) နှင့် စကစ တပ်တို့အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ တပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့


ဩဂုတ်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ဩဂုတ်လ(၁၀)ရက်နေ့ နံနက်(၄)နာရီအချိန်မှ စပြီး ယခုအချိန်အထိ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ပေါင်းစုံဖြင့် ပစ်ခတ်လျက်ရှိသည်။ ထိုသို့ပစ်ခတ်ရာတွင် ဩဂုတ်လ(၁၀)ရက်နေ့၊ နေ့လည်(၁၁)နာရီခွဲအချိန်တွင် လက်နက်ကြီးတစ်လုံး ထိုးဝါးစိုက်ကျေးရွာသို့ ကျရောက်ခဲ့ပြီး ဦးဝင်းကြည်၏နေအိမ်ကို ထိမှန်ခဲ့သည့်အပြင် ဦးဝင်းကြည်၏ဇနီး အသက်(၅၂)နှစ်ရှိ ဒေါ်စန်းဦး၏ ဘယ်ဘက်ခြမ်းရှိ လက်၊ ခြေနှင့် တင်ကိုထိမှန်ခဲ့သည်။ ထိမှန်ခဲ့သည့် လူနာကို ကညင်ကျိုးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နေ့လည်(၁၂)နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူလူထု၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း ထိမှန်သေဆုံးခဲ့သည်။ ထိုပစ်ခတ်မှုသည် စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးဒါးတာစုံမှ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ပြည်သူလူထုနေထိုင်ရာနေရာနှင့် လုပ်ကိုင်စားသောက်ရာနေရာများသို့ ပစ်ခတ်ခြင်းဖြစ်သည်။

ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၅)နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၃)၊ တပ်ရင်း(၉)နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်(KNDO) တပ်ရင်း(၃)တို့အကြား ထိပ်တိုက် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် နံနက်(၆)နာရီခွဲအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ဒိုးဒါးတာစုံမှ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် လိန်ပင်ကျေးရွာရှိ နော်ဝင်မာကိုထိမှန်ခဲ့သည်။ ညနေ(၄)နာရီအချိန်တွင် ဒိုးဒါးတာစုံမှ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကျောက်စရစ်ကျေးရွာသို့ ဖြတ်ကူးလာခဲ့သည်။ ထိုသို့ဖြတ်ကူးလာပြီး ညနေ(၄)နာရီမိနစ်(၂၀)အချိန်တွင် လိန်ပင်ကျေးရွာနှင့် ပဲသောင်ကျေးရွာအကြားတွင် (KNLA)တပ်ရင်း(၉)နှင့် (KNDO) တပ်ရင်း(၃)တို့အကြား ထိပ်တိုက် တိုက်ပွဲ နောက်တစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၁၀)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ(၈)ရက် နံနက် (၈) နာရီအချိန်တွင် ထပ်မံပစ်ခတ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၂၄)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရှိခဲ့သည်။ သေဆုံးသူများတွင် ဒု-တပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ဝေမျိုးအောင်ပါဝင်ခဲ့သည်။ ထို့ကြောင့် (၁၀)နာရီမိနစ်(၂၀)အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ လေယာဉ်နှစ်စီးဖြင့် (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်သည့်လေယာဉ်နှစ်စင်းကို KNLA တပ်ရင်း(၉)နှင့် KNDOတပ်ရင်း(၃)တို့မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး လေယာဉ်တစ်စင်းကို ထိမှန်ခဲ့သည်။ ထိမှန်သွားသည့်လေယာဉ်တစ်စင်းသည် စက်ချို့ယွင်းသွားသဖြင့် ကညင်ကျိုးကျေးရွာရှိ စာသင်ကျောင်းဝန်းတွင် ဆင်းသက်ခဲ့ရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ထိမှန်ပြီးစက်ချို့ယွင်းသည့် လေယာဉ်ကို ပြန်လည်ပြုပြင်ပြီး ဩဂုတ်လ(၉)ရက်နေ့ နံနက်အစောပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားသည့် သုံးကြိမ်စလုံးနှင့် လေယာဉ်ပစ်ခတ်သည့် (၅)ကြိမ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ စုစုပေါင်း(၃၇)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ KNLA တပ်ရင်း(၉)နှင့် KNDO တပ်ရင်း(၃)တို့ဘက်မှ မည်သည့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိပါ။