စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ကျင်းပ

ဩဂုတ်လ ၉ ရက်၊ ၂၀၂၀ ခုနှစ်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တစ်ကမ္ဘာလုံးဌာနေလူထုနေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်မှ ဘုရားလေးကုန်းတွင် စတင်ကျင်းပခဲ့သည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် ကျေးရွာလူထုများ လူဦးရေ (၆၀၀) ဝန်းကျင်ခန့် တက်ရောက်ကြသည်။ အဆိုပါအခမ်းအနားကို ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနေဒေသခံလူထုများက သူတို့၏ လိုအပ်ချက်များကို ဆန္ဒထုတ်ဖော်ပြကြသည်။
ဌာနေဒေသခံလူထုများ၏ ဆန္ဒထုတ်ဖော်ပြ ချက်များမှာ -
1. ဌာနေလူထုများ၏ ဘဝလုံခြုံမှု လိုအပ်
2. ဌာနေလူထုများ၏ တန်းတူအခွင့်အရေး လိုအပ်
3. စစ်မှန်သော ငြိမ်းချမ်းရေး လိုအပ် စသည်တို့ဖြစ်သည်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တာဝန်ရှိသူများက တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနား အစီအစဉ်ကို ဒေသခံတာဝန်ရှိသူများနှင့် ဒေသခံဌာနေအကြီးအကဲ များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ နေ့လည် ၁၁ နာရီခွဲ အချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ အခမ်းအနားအစီအစဉ်ကို Covid-19 ရောဂါကာကွယ်ရန်အတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တာဝန်ရှိသူများက တက်ရောက်လာသော ဌာနေလူထုများကို ညွှန်ကြားသည်။ ဌာနေလူထုများက ညွှန်ကြားချက်များကို လိုအပ်သလို လိုက်နာကြသည်။