စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ (၉၆၁၈၀) ဦး အထိရှိလာ


ဩဂုတ်လ (၁၅) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှာ စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ်လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ၏ လက်အောက်ခံတပ်ရင်များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိမိတို့၏နယ်မြေလုံခြုံရေးတို့အတွက် ကာကွယ်ဖို့ရန်တာဝန်ရှိ သည့်အလျောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ ရင်ဆိုင်တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး မူတြော်ခရိုင် တပ်မဟာ (၅) သည် ကျန်တပ်မဟာ များအားလုံးထပ် တိုက်ပွဲအကြိမ်ရေအများဆုံး ဖြစ်ပွားသော တပ်မဟာတစ်ခုဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှာ ပြည်သူလူထုနေထိုင်သောကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာမှုတို့ကြောင့် ဒေသခံပြည် သူများမှာ ၎င်းတို့နေထိုင်သောကျေးရွာများ၊ ပိုင်ဆိုင်သောပစ္စည်ဥစ္စာများ၊ လုပ်ငန်းခွင်များကိုထာခဲ့ကာ ဘေလွှတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူဦးရေ (၉၆၁၈၀) ဦး အထိရှိလာနေပြီဖြစ်ပါသည်။
စစ်ဘေရှောင်ပြည်သူ အများစုမှာ မိရိုးဖလာတောင်ယာလုပ်ငန်းများနှင့် လယ်လုပ်ငန်းများကို အဓိကအသက် မွေးဝမ်းကြောင်းလုပ်ငန်းများအဖြစ်လုပ်ကိုင်ကြသော သူများဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်ခွင်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံရိက္ခာမလုံလောက်သည့် ပြသနာများကို ရင်ဆိုင်နေရသည်။ မူတြော်ခရိုင်၏ တာဝန်ရှိခေါင်းဆောင်များမှာ လိုအပ်သည်များကို တတ်နိုင် သမျှပံ့ပိုးပေးသော်လည်း စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ အများအပြား တိုးပွားလာသည့် အတွက် လိုအပ်ချက်များ အများအပြား လိုအပ်လျက်ရှိသည်။