စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ ကော့ကရိတ်မြို့တွင်း တိုက်ပွဲသတင်းနှင့် ပါတ်သတ်၍ သတင်း ပြင်ဆင်ဖြည့်စွက်ခြင်း


ဩဂုတ်လ (၂၀) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူဗဟို။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ဗဟိုသတင်းနှင့် ပြန်ကြားရေးမှ ကော့ကရိတ်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုအပေါ် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန် ချက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၁၂) ဦးသေဆုံးပြီး ဥပဒေအရာရှိတစ်ဦးနှင့် ရုံးလုပ်သားတစ်ဦးကိုအရှင် ဖမ်းဆီးခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်တွင် ကော့ကရိတ်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများ နေထိုင်သော ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံး (၅၀) ကျော်ပစ်ခတ်ခဲ့ပြီး ပြည်သူ (၁) ဦး အသက်အန္တရာယ်မစိုးရိမ်သည့် ဒဏ်ရာ ရရှိခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။

အထက်ဖော်ပြပါ တိုက်ပွဲသတင်းနှင့်စပ်လျဉ်း၍ ဒူးပလာယာခရိုင် တပ်မဟာ (၆) ဌာနချုပ်မှ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ် တို့ထံသို့ တိကျသော အချက်အလက်အကြောင်းအရာများပေပို့လာသည့်အပေါ်တွင် ပြည်သူလူထုများ အတွက်တိကျမှန်ကန်သော အကြောင်းအရာများ သိရှိစေရန် ပြန်လည်းထုတ်ပြန်ချင်းဖြစ်ပါသည်။ ထိုနေ့ဖြစ်စဉ်အကျဉ်းချုပ်မှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ နံနက် (၁၀း၁၃) အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) နှင့် တပ်ရင်း (၂၇) ပူးပေါင်းစစ်ကြောင်းတို့မှ ကော့ကရိတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး အာဏာသိမ်းအကြိမ်းဖက် စစ်ကောင်စီတပ်၏ လက်အောက်ခံ ကော့ကရိတ်မြို့နယ် ယာယီရဲမှူး နှင့် ရဲတပ်သား (၂) ဦးအပါအဝင် စုစုပေါင်း (၃) ဦးမှာ တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင်သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၈) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုထိခိုက်ဒဏ်ရာရှိသွားသော ရဲတပ်ဖွဲ့ဝင် (၈) ဦး ကို ကော့ကရိတ် မြို့နယ်ဆေးရုံတွင် ဆေးကုသခြင်းများပြုလုပ်ခဲ့ပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် (၅) ဦး မှာ ထိုဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်တွင် ထပ်မံသေဆုံးသွားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများမှာ AK စက်လတ် (၁) လက်၊ M16 (၁) လက်၊ AK Rifle (၃) လက်၊ MA3 (၁) လက် တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ထွေအုပ်ရုံး၊ တရားရုံး၊ သီးသန့်ရဲစခန်းများကို လည်း မီးရှိုဖျက်ဆီးခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် ကော့ကရိတ်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်များမှ အောကောနှင် ယောကူ ကျေးရွာများအတွင်းသို့ လက်နက်ကြီးအမြောက်အများပစ်ခတ်ခဲ့ပြီး ထိုသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် အောကောနှင် ယောကူ ကျေးရွာအတွင်းရှိ အသက် (၂) နှစ် (၁၂) အရွယ် ကလေး (၂) ဦး အပါအဝင် စုစုပေါင်း ပြည်သူ (၅) ဦးကိုလက်နက်ကြီးထိမှန်ခဲ့ပြီး အသက် (၂) နှစ်အရွယ် ကလေးငယ် (၁) ဦးမှာ သေဆုံးခဲ့သည်။