စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တပ်မဟာ (၃) အတွင်း ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိဖြစ်ပွားသော တိုက်ပွဲသ တင်းနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အတွင်း ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိဖြစ်ပွားသော တိုက်ပွဲသ တင်းနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

ဩဂုတ်လ (၂၃)၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော် ဝင်ရောက် ကာ စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်မပြတ် လုပ်ဆောင် နေခြင်း ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ KNDO တပ်ရင်း (၃) တို့နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား နေ့တိုင်း ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များဘက်မှ တပ်ရင်းမှူး (၁) ဦး၊ ဒု−ရင်းမှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၂) ဦးအပါအဝင် စုစုပေါင်း (၅၇) ဦးသေဆုံးပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အတည်ပြု၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေး သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လေယာဉ်ပျံကိုအသုံးပြု၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကို လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူကိုပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်ခဲ့ ပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၇း၃၀) မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်များမှ အပြစ်မဲ့ပြည်သူ (၈) ဦးကို အကြောင်းမဲ့ဖမ်းဆီးပြီး၊ စစ်ဆေးခြင်များနှင့် ခြိမ်းခြောက် ပြောဆိုခြင်းများပြုလုပ်ခဲ့ပြီး ညနေ (၆း၀၀) နာရီအချိန်တွင် ပြန်လွှတ်ပေးခဲ့သည်။ ည (၁၁း၀၀) နာရီအချိန် တွင် လယ်ဒို(ကျောက်ကြီး)မြို့ အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များမှ လယ်ဒို (ကျောက်ကြီး)မြို့ အတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီး များကြောင့် အပြစ်မဲ့ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့ ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ အရပ်သားပြည်သူများကိုပစ်မှတ်ထားပြီး ရဟတ်ယာဉ်များဖြင့် တစ်ကြိမ်လျှင် (၁) နာရီခန့် ကြာချိန်ရှိသော လေကြောင်းတိုက်ခိုက်မှုကို (၃) ကြိမ်တိတိလုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျေးရွာများအတွင်းရှိ အပြစ်မဲ့အရပ်သား ပြည်သူလူထုများမှာ ၎င်းတို့၏ နေရပ်များကိုစွန့်ခွာက အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်းတွင် ကြိုးပင်ဆိပ်အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပနာဝါးပလောကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နံနက် (၈း၀၀) နာရီ အချိန်တွင် ရွာသားနှစ်ဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီး၊ စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ညနေ (၄း၀၀) နာရီအချိန်တွင် ပြည်လွှတ်ပေးခဲ့သည်။ နံနက် (၁၀း၃၀) မိနစ်အချိန်တွင် ငလောက်တက်နှင့်သူဌေးကုန်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပနာဝါး ပလောကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၁) လုံးပစ်ခတ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်း နံနက် (၉း၃၀) မိနစ်အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကင်းထောက်လေယာဉ်များဖြင့် မုန်ညှင်းဒဲ၊ ထီးခို၊ နွားလေးခို ကျေးရွာများအပေါ်သို့ လာရောက်ကင်းထောက်ခြင်းများပြုလုပ်ခြင်းကြောင့် ထိုကျေးရွာများအတွင်းရှိ ပြည်သူလူထုများမှာ စိုးရိမ်စိတ်များနှင့် နေထိုင်နေရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ် ခမရ−၅၉၀ မှ မူး(မုန်း)မြို့နယ် ရပ်ကွက် (၃) အတွင်းရှိ ကွမ်းသီးခင်းအတွင်း ကွမ်းသီးခူးနေသော ရွာသာ (၂၅) ဦးကို အကြောင့်မဲ့ ဖမ်းဆီးပြီး ခမရ−၅၉၀ အခြေစိုက်သောစခန်းသို့ခေါ်ဆောင်သွားပြီး ထိုရွာသား (၂၅) ဦးအား ငွေသား သိန်း (၁၅၀) ပေးဆောင်ရန် တောင်းရမ်းခဲ့သည်။ ဖမ်းဆီးချုပ်နှောင် ထားသော ရွာသား (၂၅) ဦးထဲမှ (၂၄) ဦးအား ဩဂုတ်လ (၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် (၁) ဦးအား PDF နှင့်အဆက်အသွယ်ရှိသည်ဟု မတရားစွပ်စွဲပြောဆိုပြီး ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်းတွင် သစ်ချဆိပ်၊ ငလောက်တက်၊ သူဌေးကုန်း အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၄၉ နှင့် ခမရ−၃၅၁ တို့မှ ပနာဝါးပလော ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၇) လုံး ပစ်ခတ်ခဲ့ပြီး ထိုတပ်များမှ သူဌေကုန်းရွာမှ ဆိပ်ကြီးရွာအထိ အရပ်သားပုံစံအသွင်ယူကာ လုံခြုံရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ တဆက်ထဲတွင်ဘဲ ထိုတပ် များမှ သခေါ့ပွကျေးရွာ အတွင်းသို့ လက်နက်ကြီး (၁၆) လုံး ပစ်ခတ်ခဲ့ပြီး သခေါ့ပွကျေးရွာအတွင်းရှိ လူနေအိမ် (၈) လုံးနှင့် ဆိုင်ကယ် (၂) စီး ထိမှန်ပျက်စီးခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်းတွင် ညနေ (၈း၀၀) နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၄၃၉ မှ ပနာဝါးပလောကျေးရွာအတွင်းသို့ လက်နက် ကြီး (၈) လုံး ပစ်ခတ်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျောက်ကြီးနှင့်မုန်း ကာလမ်းမပေါ်တွင် ပြည်သူလူထုများ၏ ကားနှင့်ဆိုင်ကယ်များကို အတင်း အဓမ္မယူဆောင်အသုံးပြုပြီး အရပ်ဝတ်များဖြင့် စစ်ရေးလှုပ်ရှားမှုများကိုပြုလုပ်ခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ် ခမရ−၅၅၉ နှင့် ၎င်း၏ လက်အောက်ခံပြည်သူ့ စစ်တပ်ဖွဲ့များမှ ရွာသားတစ်ဦး၏ ဆိုင်ကယ်ကို အတင်းအဓမ္မသိမ်းယူပြီး သခေါ့ပွရွာအတွင်းရှိ နေအိမ်များကိုဖောက်ထွင်းဝင်ရောက်ခဲ့ကာ ၎င်းတို့ နှစ်သက်သောပစ္စည်းများကို ယူဆောင်သွား ခြင်းများပြုလုပ်ခဲ့ပြီး ရွာသားတစ်ဦးပိုင်ဆိုင်သော ဆိတ် (၃) ကောင်ကိုလည်း ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်စားသောက်ခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့ လယ်ဒို(ကျောက်ကြီး)မြို့နယ် အတွင်းတွင် စစ်တောင်းမြစ်အနောက် ဖက်ကမ်း အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်တောင်း မြစ်အရှေ့ဖက်ကမ်း သို့လက်နက်ကြီး (၅) လုံးပစ်ချခဲ့ပြီး ထိုလက်နက်ကြီးများမှာ လေပေကျေးရွားအတွင်းတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာသား (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ညနေ (၄း၀၀) နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျောက်စရစ် ကျေးရွားအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ကြောင့် အနီးအနားတွင်ရှိသော ကျောက်စရစ်၊ ပဲသောင်၊ လေပေ၊ သောင်ဘို့၊ တောကြောင်ပေါက် ကျေးရွာများမှ ရွာသူရွာသာများသည် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်းတွင် ငလောက်တက်အခြေစိုက် အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၄၉ နှင့် ခမရ−၃၅၁ တို့မှ ငလောက် တက်ကျေးရွာအတွင်း ပြည်သူလူထုများ၏ နေအိမ်များကိုဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ၎င်းတို့နှစ်သက်သော ပစ္စည်းဥစ္စာများကို ယူဆောင်သွားခဲ့သည်။ ခမရ−၃၄၉ နှင့် ခမရ−၃၅၁ တပ်များသည် ထွက်ပြေးတိမ်းရှောင်နေသောရွာသူ ရွာသားများအား ၎င်းတို့ကျန်ရစ်ခဲ့သော ရိက္ခာများကို ပြန်လည်ယူဆောင်ခွင့်မပေးဘဲ အသက်စွန်ကာ ရိက္ခာလာရောက်ယူဆောင်သော ရွာသားများအား ၎င်းတို့မှ သေနတ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း များ ပြုလုပ်ခဲ့သောကြောင့် ရွာသားများမှာ ရိက္ခာပြန်လည်ယူဆောင်ခွင့်မရဘဲ အသက်ဘေးလွတ်ရာသို့ သာပြန်လာရသည်။ ညနေ (၃း၀၀) နာရီအချိန်တွင် ငလောက်တက်အခြေစိုက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၄၃၉ ၏ တပ်ရင်းမှူး သက်နိုင်မှ ငလောက်တက်ရွာတွင်ရှိသော ကျွဲ၊ နွားများအား တယ်ပေါနှင့် ဖိုသောင်းစု ကျေးရွာများအတွင်းရှိ ပြည်သူလူထုလုပ်ကိုင်ထားသော လယ်ယာများအတွင်း သို့ ၎င်းကျွဲ၊ နွားများအား သွားရောက်လွှတ်ပေးစေရန် အမိန်ပေးစေခိုင်းခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ပြည်သူလူထုများစိုက်ပျိုးထားသော လယ်ယာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ညနေ (၃း၁၄) မိနစ်အချိန်တွင် သစ်ချဆိပ်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၄၃၉ ၏ ဒု−ရင်းမှူး မှ ပြည်သူ လူထု၏ နွား (၃) ကောင်ကို သစ်ချဆိပ်စာသင်ကျောင်းဝင်းအတွင်းသို့ ခေါ်ဆောင်သွားစေပြီး ထိုနွား (၃) ကောင်အား သတ်ဖြတ် စားသောက်လိုက်သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်း နံနက် (၉း၁၁) မိနစ်အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ−၄၃၉ တပ်များမှ တယ်ပေါ်ရွာမှ အမျိုးသမီး (၂) ဦး ကလေးငယ် (၁) ဦး အပါအဝင် စုစုပေါင်း အပြစ်မဲ့ပြည်သူ (၄) ဦးကို မတရားဖမ်းဆီးခဲ့ပြီး နံနက် (၁၀း၁၀) မိနစ် အချိန်တွင် အမျိုးသမီး (၂) ဦး ကလေးငယ် (၁) ဦး ကိုပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသည်။ ညနေ (၂း၀၀) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်များမှ လက်နက်ကြီး (၈) လုံးကို သစ်ချဆိပ်၊ ငလောက်တက်၊ ပနာဝါးပလော၊ ထီးနိုခီး ကျေးရွားများ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ညနေ (၅း၀၀) နာရီ အချိန်တွင် ရွာသားတစ်ဦးမှ ၎င်း၏တဲသို့ရိက္ခာများ ပြန်လည်ယူဆောင်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များမှ လက်နက်ကြီး (၈) လုံး ဖြင့် ခြောက်လှန့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်း နံနက် (၅း၀၀) နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူ (၁) ဦးအား ဖမ်းဆီးကာ ခြိမ်းခြောက် မေးမြန်းခြင်း များ ပြုလုပ်ခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ နေ့လည် (၁း၀၀) နာရီအချိန်တွင် သစ်ချဆိပ် အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နိုခိုထီးနှင့် ပနာဝါးပလော ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၅) လုံး ပစ်ခတ်ခဲ့သည်။ ညနေ (၄း၀၀) နာရီအချိန်တွင် ငလောက်တက်ရွာတွင် တပ်စွဲ ထားသော အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်ရင်းမှူး သက်နိုင် ဦးဆောင်သော အဖွဲ့မှာ ငလောက်တက်ရွာမှ ကျွန်းကုန်းရွာသို့ တပ်ရွှေ့ပြောင်းစဉ် ငလောက်တက်ကျေးရွာမှ ရွာသား တစ်ဦး ပိုင်ဆိုင် သော နွား (၂) ကောင်ကို ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်စားသောက်လိုက်သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်း နံနက် (၁၀း၀၀) နာရီအချိန်တွင် အောလောစိန်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အောလောစိန် ရွာသား (၂) ဦး ကို မတရား ဖမ်းဆီးညှင်းပန်းနှိပ်ဆက်ကာ ခြိမ်းခြောက်မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး ရွာသား (၁) ဦး ပိုင်ဆိုင်သော ငွေ (၃၀၀၀၀) ကျပ် အား အတင်းအဓမ္မသိမ်းစည်းပြီး နေ့လည် (၂း၀၀) နာရီအချိန်တွင် ထိုရွာသား (၂) ဦးအား ပြန်လွှတ်ပေးခဲ့သည်။ ညနေ (၆း၀၀) နာရီအချိန်တွင် သစ်ချဆိပ်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ရွာသား (၁) ဦးကို မတရားဖမ်းဆီးထားပါသည်။ တဆက်တည်းမှာပင် လယ်ယာများနှင့် ရွာအတွင်းသို့သွားရန် ရွာသားများ ပြုလုပ်ထားသော လမ်းတံတား များကို အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်များမှ အသုံးပြု၍မရအောင် လိုက်လံဖျက်ဆီး ခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့ လယ်ဒို(ကျောက်ကြီး)မြို့နယ် အတွင်း သမင်အင်းကုန်း သင်္ချိုင်းကုန်း တွင် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် နံနက် (၈း၂၀) မိနစ်အချိန် တွင် ဝေဒေါခိုကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံး ပဲသောင်ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ လယ်ဒို(ကျောက်ကြီး)မြို့နယ် အတွင်း နံနက် (၈း၅၀) မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ပြီး လက်နက်ကြီး (၁) လုံးမှာ ဒူးကပီးဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးမှာ ထိုက်ထူ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ မူး(မုန်း)မြို့နယ် အတွင်း ကြိုးပင်ဆိပ်အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် တပ်ရင်း (၆၀၃) မှ အပြစ်မဲ့ရွာသား (၂) ဦးကို အကြောင်းမဲ့ဖမ်းဆီး ထိန်းသိမ်းထားပြီး ဩဂုတ်လ (၁၇) ရက် ၂၀၂၂ ခုနှစ်တွင် ထိုရွာသား (၂) ဦးကို သတ်ဖြတ်လိုက်ပါသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ဤကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များ ကို အဆက်မပြတ်လုပ်ဆောင်နေသောကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိသော လယ်ဒို (ကျောက် ကြီး)မြို့နယ်၊ မူး(မုန်း)မြို့နယ်၊ ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းရှိ ပြည်သူလူထု (၆၁၈၉၈) ဦး တို့မှာ ၎င်းတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရပါသည်။ ညောင်လေးပင်ခရိုင်အတွင်းတွင် ဆက်လက်စာရင်းပြုစုနေသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်များလည်း များစွာကျန်ရှိနေသေးသည်။ စစ်ဘေးရှောင်နေရသော ပြည်သူလူထုများမှာ စားဝတ်နေရေးနှင့် နေရာထိုင်ခင်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ များစွာ လည်းလိုအပ်လျက်ရှိနေသေးသည်။