စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဒေသခံလူထုများ၏ လိုအပ်ချက်များကို တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့တွင် တင်ပြ

9 August 2020
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတရော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ထောင်ပေါင်းများစွာသော ဒေသခံ ကျေးရွာလူထုများက ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ နံနက် (၈)နာရီကနေ နေ့လ(၁၂)နာရီ အချိန်တွင် ကျင်းပသော တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့ဩဂုတ်လ ၉ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ သတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့မှာ မူတရော်ခရိုင်- သံလွင်ငြိမ်းချမ်းရေးအတွင်းမှာလည်း ဘိုးစဉ်ဘောင်ဆက်က ခေတ်အဆက်ဆက် နေထိုင်ခဲ့သော ဌာနေဒေသခံနေရာတစ်ခု ဖြစ်တဲ့အတွက် မူတရော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ထောင်ပေါင်းများစွာသော ဒေသခံလူထုများက ပူးပေါင်းပြီး ဒေသခံ ဌာနေလူထုနေ့ကို ကျင်းပခဲ့ကြသည်။
တစ်ကမ္ဘာလုံးဆိုင်ရာဌာနေလူထုနေ့ကို ပူးပေါင်းပြီး ကျင်းပမှုအပေါ်တွင် သူတို့၏ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများလည်း ပါဝင်သည်။ သူတို့၏ ဆန္ဒထုတ်ဖော်ပြချက် နှင့် ကြွေးကြော်သံ (၈) ချက်မှာ-
1. မိဘ ဘိုးဘွားချက်မြှုပ်မြေ - တို့ပြည်
2. ဌာနေလူထုတို့၏ အခွင့်အရေးကိုတန်ဖိုးထားမှု - အသိအမှတ်ပြု
3. ဌာနေလူထု နှင့် ဌာနေသိရှိမှု၊ ဖျက်စီးခြင်းများ - ရပ်တန့်ပါ
4. ချထားသော မြန်မာစစ်တပ်စခန်းများ ထွက်သွားပေး - ချက်ချင်းထွက်သွား
5. မြန်မာအစိုးရစစ်တပ်မှ ဌာနေလူထု နှင့် ရွာသူရွာသားများ သတ်ဖြတ်မှု - ချက်ချင်းရပ်
6. မြန်မာအစိုးရ စစ်တပ်မှ ပြည်သူလူထုကြား လက်နက်ကြီး ပစ်ချမှု - ချက်ချင်းရပ်
7. မြန်မာအစိုးရ စစ်တပ်မှ လိုက်လံမီးရှို့မှု - ချက်ချင်းရပ်
8. မြန်မာအစိုးရ စစ်တပ်မှ သတ်မှတ်နယ်မြေကို ကျော်လွန်ပြီး သွားလာလှုပ်ရှားမှု - ချက်ချင်းရပ်
ဌာနေလူထုများ တောင်းဆိုသည့် မြန်မာ့တပ်မတော်မှ ရုပ်သိမ်းရန်စခန်းများမှာ ကိုကော်ဒေး၊ ဝါကလေတူ၊ ဃိုဒိုးခို၊ ဆာလော်ကြိုး၊ ထော့မိုပလယ်မဲ နှင့် ပေါ်ဃေးခို စုစုပေါင်း တပ်စခန်း (၆) ခု တို့ဖြစ်သည်။
မူတရော်ခရိုင်-သံလွင်ငြိမ်းချမ်းရေး၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ကို (၂) ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် အီးတူးထာ ဒုက္ခသည်စခန်းမှာ ကျင်းပပြီး ဒုတိယအကြိမ်မှာ လူသောမြို့၊ နော်ယို့ထာအုပ်စု၊ သီးနယ်ပလောတွင် ကျင်းပပြီး စောမူပလော၊ လယ်မူပလော၊ ခေးပူ နှင့် နော်ယို့ထာ အုပ်စု (၄)စုနှင့် ကျေးရွာပေါင်း (၆၅) ရွာ၊ ဒေသခံ လူဦးရေပေါင်း (၂၈၈၅) ယောက်က ပူးပေါင်းပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနေလူထုနေ့ကို ကျင်းပခဲ့ကြသည်။