စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) လတာ အတွင်းဖြစ်ပွားသောတိုက်ပွဲစာရင်းနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများသတင်း


စက်တင်ဘာလ (၈) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) လတာ အတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့များအကြား နေ့တိုင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကျားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပေါင်း (၂၆၂) ကြိမ်ဖြစ်ပွားကာ အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ (၃၃၃) ဦး သေဆုံးပြီး (၂၆၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၄) ဦး အသက်စွန့်ခဲ့ကာ (၁၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူလူထု များ နေထိုင်ရာကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး (၃၇၃) လုံးပစ်ခတ်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုနေထိုင်သော ကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ အတွင်းသို့ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် (၁၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ချင်းများပြုလုပ်သည်။ အာဏာသိမ်းသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များဘက်မှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်သောကြောင့် အပြစ်မဲ့ပြည်သူ (၉) ဦး သေဆုံးကာ (၁၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၆) လုံး ထိခိုက်ပျက်စီး ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူ (၉၇) ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက်စစ်ဆေးခြင်းများ၊ ပေါ်တာအဖြစ်အသုံးပြုခြင်းများနှင့် လူသားဒိုင်းကာများအဖြစ် အသုံးပြုခဲ့သည်။