စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲယူန်-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ် စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲသတင်းအကျဉ်းချုပ်


၂၀၂၂ ခုနှစ် စက်တင်ဘာလ(၇) ရက်နေ့ ကေအဲန်ယူ-(ဗဟို) ကော်သူးလေ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO-ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် နှင့် BGF-နယ်ခြားစောင့်တပ်တို့အကြား စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၃၃၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ဘက်မှ (၃၆၀) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၂၆၄) ဦး ရှိခဲ့သည်။ KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNDO-ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲမှ တိုင်းပြည် နှင့် လူမျိုးများအတွက် (၇) ဦး အသက်ပေးဆပ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၇) ဦးရှိခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဖက်မှ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် အပြစ်မဲ့ ပြည်သူများ၏ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦး သေဆုံးခဲ့ရပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။