စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များ၏ ၂၀၂၂ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ


နိုဝင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ နေ့စဉ်နေ့တိုင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေ့တိုင်း ဖြစ်ပွားလျက် ရှိသည်။

တိုက်ပွဲဖြစ်ပေါ်လာသည့်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပြည်သူများနေထိုင်သော ကျေးရွာများ၊ လုပ်ငန်းခွင်းများအတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိဖြစ် ပစ်ခတ်လျက်ပြီး လေကြောင်းမှလည်း တိုက်လေယာဉ်များ၊ တိုက်ခိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူ များအား ပစ်မှတ်ထားကား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ မတရားသဖြင့် ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ၊ မွှေနှောက် ဖျက်ဆီးခြင်းများ၊ ဖမ်းဆီးနှိပ်ဆက်ခြင်း များ၊ အတင်းအဓမ္မငွေလုယှက်ခြင်းများနှင့် ပြည်သူလူထုပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများကိုလည်း အတင်းအဓမ္မယူဆောင်ခြင်းများ အများအပြားပြုလုပ်ခဲ့သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူလူထုများပိုင်ဆိုင်သော အိမ်မွေတိရိစ္တာန်များအား အတင်းအဓမ္မသတ်ဖြတ်စားသောက်ခြင်းများ၊ ပြည်သူလူထု များအား ခြိမ်းခြောက် ပြောဆိုခြင်းများပြုလုပ်ခဲ့သည်။ လက်ရှိကာလသည် ကောက်ရိတ်သိမ်းချိန် ဖြစ်သည့်အလျောက် ရွာသူရွာသားများသည် ၎င်းတို့စိုက်ပျိုးထားသော စပါးများအားရိတ်သိမ်းရမည်ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကောက်ရိတ်သိမ်းခွင့် မပြုသောကြောင့် ရွာသူရွာသားများမှာ အခက်အခဲများစွာနှင့်ကြုံတွေ့နေရပါသည်။

ဒူးသထူခရိုင်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်သောကြောင့် ပြည်သူ (၄) ဦးသေဆုံးကာ (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆) လုံး ပျက်စီးခဲ့ရသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ပြည်သူလူထုနေထိုင်သော နေအိမ် (၁၈) လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁) ဦးအားလည်း ဖမ်းဆီးခဲ့သည်။

ခလယ်လွီထူခရိုင်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်သောကြောင့် ပြည်သူ (၂) ဦးသေဆုံးကာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူတစ်ဦးအား အကြောင်းမဲ့ဖမ်ဆီးကာ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလုထု၏ နေအိမ် (၆) လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ (၅၄) ဦးအား မတရားဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော ရွာသူရွာသားအချို့အား စစ်ဆေးမေးမြန်းကာညှင်ပန်းနှိပ်ဆက်ခြင်းများ၊ အချို့အား ပေါ်တာအဖြစ်ခိုင်းစေခြင်းများ နှင့် လူသားဒိုင်းကာများအဖြစ် အသုံးပြုခဲ့သည်။ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်များ အတွင်းတွင် ကောက်ရိတ် သိမ်းချိန်ကျရောက်နေသော်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ကောက်ရိတ်သိမ်းခွင့်မပေးသည့်အတွက် ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ဘိတ်/ထာဝယ်ခရိုင်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူ (၂) ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ သေနတ်များအား ဆင်ခြေတုံမဲ့ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူ ထုများနေထိုင်သော နေအိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ ကျပ်ငွေ သိန်း (၇၀၀) ကျော်အား အတင်းအဓမ္မယူဆောင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၁၀၀) ကျော်အားလည်း ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထု များအား စာနပ်ရိက္ခာများသယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည့်အတွက် ပြည်သူလူထုများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

မူတြော်ခရိုင်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်သောကြောင့် ကိုရင် (၁) ပါး နှင့် ပြည်သူ (၁) ဦးသေဆုံးကာ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) လုံး ပျက်စီးခဲ့ရသည်။ အာဏာသိမ်းအကြမ်ဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူ (၂) ဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲံသည်။

ဒူးပလာယာခရိုင်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက် သော လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်သောကြောင့် ရဟန်း (၁) ပါး နှင့် ပြည်သူ (၁) ဦးသေဆုံးကာ (၁၁) ဦး ထိုခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) လုံး နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ သေနတ်များအား ဆင်ခြင်တုံမဲ့ပစ်ခတ်ခြင်းကြောင့် ပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူများနေထိုင်သော ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့သည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေအုပ်ချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွာလျက်ရှိသောကြောင့် ပြည်သူလုထု (၃) သိန်းကျော်မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြပြီး (၁) သိန်းကျော်မှာ အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည်။