စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ တစ်လအတွင်းဖြစ်ပွားသောတိုက်ပွဲသတင်း


နိုဝင်ဘာလ(၇)ရက်၊၂၀၂၂ခုနှစ်၊ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လလုံး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဉ်နေ့တိုင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေစဉ်နေ့တိုင်း ဖြစ်ပွားလျက်ရှိသည်။ အောက်တိုဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၂၈၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၃၆၉) ဦး သေဆုံးကာ (၃၀၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်မှ တိုင်ပြည်နှင့်လူမျိုးအတွက် (၆) ဦးအသက်စွန့်ခဲ့ရပြီး (၄၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၄) ဦးမှာ လက်နက်အပြည်အစုံနှင့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ အလင်းဝင်ခဲ့ပြီး (၃၂) ဦးမှာ စစ်မြေပြင်တွင် လက် နက်ချအဖမ်းခံခဲ့ကာ စစ်ကောင်စီတပ်သား (၁) ဦးအားလည်း အရှင်ဖမ်းဆီးရမိခဲ့သည်။ အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှ (၂) ဦးမှာ စခန်းတွင်းနေစဉ် မိမိကိုယ်ကို အဆိပ်သောက်သတ်သေခဲ့ပြီး နောက် (၂) ဦးမှာ ရောဂါကြောင့်သေဆုံးခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ အသုံးပြုသော ယာဉ် (၁၈) စီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ ဖျက်ဆီးနိုင်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်အမျိုး သားလွတ် မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်း တိုက်ခိုက်မှု (၆) ကြမ် ပြုလုပ်ခဲ့သည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ် နယ်မြေအတွင်းရှိ ခရိုင်တပ်မဟာ (၆) ခုအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နေ့စဉ်နေ့တိုင်းတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၈၄၅) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၃၆၆၄) ဦး သေဆုံးကာ (၂၇၀၀) ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း (၃၁၅၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၂၁၉၀) ဦး သေဆုံးကာ(၂၀၄၈)ဦးဒဏ်ရာရရှိခဲ့သည်။အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက်တွင်အာဏာသိမ်းအကြမ်း ဖက် စစ်ကောင်စီတပ်များမှာ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်းမှာ တိုက်ခိုက်မှု (၁၀၇) ပြုလုပ်ခဲ့သည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူး လေအုပ် ချုပ်နယ် မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း (၅၀) ကျော်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၄) ရင်းတို့မှ ပူးပေါင်းပြီး နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိသည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း နယ် မြေလုံခြုံရေးနှင့် ပြည်သူလူထုအသက်အိုးအိမ်ကာကွယ်ရေးအတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ နေ စဉ်နေ့တိုင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ ဆင်နွဲလျက်ရှိသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူလေအုပ်ချုပ်နယ်မြေအတွင်းတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူလုထု (၃) သိန်းကျော်မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြပြီး (၁) သိန်းကျော်မှာ အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည်။