စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၃) လုံးအား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီး


နိုဝင်ဘာလ (၁၄) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၇) နှင့် တပ်ရင်း (၉) တို့ပူးပေါင်းပြီး တပ်ရင်း (၇) နယ်မြေအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ နှင့် တုံးတံတာစခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား နိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် နံနက် (၄) နာရီ အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး နံနက် (၁၁း၃၀) အချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ မြေပြင်တက်ဖွဲ့ များမှ တိုက်ခိုက်ခြေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမှု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှ တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၃) လုံးအား တိုက်ခိုက်ဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့မှ သိမ်းဆည်းရမိ ခဲ့သည်။ စခန်းများအား ရှင်းလင်းစဉ်အချိန်အတွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် (၂၀) ခန့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကြောင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိပါ။

တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင့်ဖြင့် (၁၀) ကြိမ်ခန့် ကျေးရွာများအတွင်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ (၁၃) ရက်နေ့ တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ ပြည်သူလူထု များအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့သည်။ ထိုသို့ပြည်သူလူထုများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထုများထိခိုက်ဒဏ်ရာရမှုများ နှင့် ပြည်သူလူထုများ၏ အိုအိမ်အဆောက်အဦးများထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမှု စီစစ် အတည်ပြုနေဆဲဖြစ်သည်။ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုအားပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာမှ ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများအား အခက်အခဲပေါင်း များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း အာဏာသိမ်းမှုဖြစ်ပွားပြီးသည့်နောက်တွင် တိုက်ပွဲကြီးတိုက်ပွဲငယ် များ အစဉ်မပြတ် ဖြစ်ပွား လျက်ရှိပြီး မြေပြင်တိုက်ပွဲပေါင်း (၃၈၂) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ (၄၈၀) ဦးခန့်သေဆုံးပြီး (၂၂၀) ဦး ဒဏ်ရာရရှိခဲ့သည်။ ၅.၄.၂၀၂၂ ခုနှစ်မှစတင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ တိုက်ခိုက်ရေးသုံး Drone များဖြင့် လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း (၆၄) ကြိမ်ပြုလုပ်ခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၇၀) ဦးသေဆုံးခဲ့ပြီး (၄၆) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း အာဏာသိမ်း မှုဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း (၇) လုံးအား တိုက်ခိုက်ဖျက်ဆီး ခဲ့သည်။