စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တပ်မဟာ (၆) နယ်မြေအတွင်း တစ်ရက်တည်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ (၈) ဦး သေဆုံးကာ (၂၄) ဦးထိခိုက်ဒါဏ်ရာရရှိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း တစ်ရက်တည်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ (၈) ဦး သေဆုံးကာ (၂၄) ဦးထိခိုက်ဒါဏ်ရာရရှိ
နို၀င်ဘာလ (၂၄) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုး မြို့နယ် လားတကောတောင်ပိုင်းဒေသအတွင်း ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၂၂ ရက်နေ့ နံနက် (၈း၀၀) အချိန်တွင် ကရင်အမျိုးအသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ဖွဲ့ ၀င်များ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်မ (၁၁) လက်အောက်ခံ ခမရ-၂၁၅ တို့ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၂၇)၊ တပ်ခွဲ (၂) Cobra စစ်ကြောင်းလုံခြုံရေးယူထားသောနေရာအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်ရင်း (၃) ရင်း ဖြစ်သော တပ်မ (၄၄) လက်အောက်ခံ ခမရ-၂ ခမရ -၁၀၇ ခမရ-၂၀၇ တပ်ရင်း များမှ နံနက် (၉း၁၀) မိနစ်အချိန်တွင် Cobra စစ်ကြောင်းကို၀င်ရောက်တိုက်ခိုက်ခဲ့ပြီး Cobra စစ်ကြောင်းတပ်ဖွဲ့၀င်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ ညနေ (၄း၀၀) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ-၂ တပ်ဖွဲ့၀င်များမှ ဘလယ်ဒိုခီးတောင်ခြေ ထီးကမားဒေသ အတွင်းသို့ရောက်ရှိပြီး Cobra စစ်ကြောင်းကားတစ်စီးနှင့် လူထုကားတစီး ပြန်လာချိန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ-၂ တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီးအပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ (၂) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ (၅) ဦး သေဆုံးကာ (၁၇) ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ တစ်ရက်အတွင်း တိုက်ပွဲပေါင်း (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲ (၃) ကြိမ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင် (၂၇) ဖက်မှ တိုင်းပြည်နှင့်လူမျိုး အတွက် စစ်သမီး (၂) ဦး အပါ၀င်စုစုပေါင်း (၃) ဦး အသက်စွန့်ခဲ့ရပြီး (၁၁) ဦးမစိုးရိမ် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

ဒုဗိုလ်မှူးကြီး စောနယ်ဒါးထူး (ခေါ်) ဗိုလ်ရန်နိုင် ဦးဆောင်သော တပ်ရင်း (၂၇) လက်အောက်ခံ တပ်ခွဲများနှင် စစ်ကြောင်းများလုံခြုံရေးယူထားသောနေရာများတွင် ဒုဗိုလ်မှူးကြီး စောနယ်ဒါးထူး (ခေါ်) ဗိုလ်ရန်နိုင်သည် အနီး ကပ် ကွပ်ကဲပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေသည်။ ၂၀၂၂ ခုနှစ် နို၀င်ဘာလ (၁) ရက်နေမှ (၂၄) ရက်နေ့အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၁) ကြိမ်ဖြစ် ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၃၃) ဦး သေဆုံးကာ (၃၈) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ အတည်ပြု၍မရသေးသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ထိခိုက်သေ ဆုံးမှုစာရင်းလဲအများအပြားရှိနေသေးသည်။ ယခုလက်ရှိအခြေအနေအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) လုံခြုံရေး ယူထား သောနယ်မြေများအတွင်း အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီ တပ်များ မှ စစ်ဆင်ရေး ဆောင်ရွက်နေဆဲဖြစ်သည့်အတွက်ကြောင့် တိုက်ပွဲများပြင်းထန်လျှက်ရှိနေသည်။