စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ၂၀၂၂ ခုနှစ် နို၀င်ဘာလ (၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ တိုက်ပွဲသတင်း


နို၀င်ဘာလ (၂၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော (ခလရ-၂၂၄ ခမရ-၅၅၉ ခမရ-၅၆၀ ခမရ-၂၈၁ ခမရ-၅၅၇ ခမရ-၅၅၈ ခမရ-၅၆၁) တို့နှင့် တပ်ရင်းအမည်မသိ သေးသော အခြား စစ်ကောင်စီတပ်ရင်းများမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထား၀ယ် ခရိုင် တပ်မဟာ (၄) လယ်ကဆော မြို့နယ် KNLA တပ်ရင်း (၂၀၃) ၊ လယ်မူလားမြို့နယ် KNDO တပ်ရင်း (၇)၊ ကစယ်ဒိုမြို့နယ် KNLA တပ်ရင်း (၁၂) ၊တနောသရီမြို့နယ်နှင့် လယ်ဒိုစိုးမြို့နယ်များအတွင်းသို့ စစ်ရေးလှုပ်ရှားမှုများ အဆင်မပြတ် ပြုလုပ်နေသည့်အတွက်ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပါသည်။

၂၀၂၂ ခုနှစ် နို၀င်ဘာလ (၁) ရက်နေ့မှာ (၁၆) ရက်နေ့အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံးကာ (၂၆) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၂) ဦး အသက်စွန့်ခဲ့ရပြီး (၄) ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ (၄) နယ်မြေများအတွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစပြီး နို၀င်ဘာလ (၁၆) ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၂၃) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီတပ်များမှ (၂၄၆) ဦး သေဆုံးကာ (၂၃၉) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၁၄) ဦး အသက်စွန့်ခဲ့ရပြီး (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။