စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
KNU. ကရင်အမျိုးသားအစည်းအရုံး.ဒူးသထုခရိုင်(သထုံ)ခရိုင်.ညောင်ကုန်းရှိ KNU Covid-19 ကာကွယ်တားဆီးရေး.စစ်ဆေးရေးဂိတ်အား မြန်မာ့တပ်မတော်ခမရ (၄၀၉) စကခ (၈) တပ်ရင်းမှ လာရောက်တားဆီးနှောင့်ယှတ်

 သူးလေ သတင်စဉ် ၂၁-၉-၂၀၂၀

KNU. သထုံခရိုင်ထိန်းချုပ်နယ်မြေဖြစ်သော ဖားအံမြို့နယ်အတွင်းရှိ ညောင်ကုန်း ဒေသခံလူထု၏ တောင်းဆိုမှုကြောင့် ဖွင့်လှစ်ထားသော ညောင်ကုန်း Covid-19 စစ်ဆေးရေး.ကာကွယ်ရေး. ပညာပေး ရေးဂိတ်အား မြန်မာ့တပ်မတော် (စကခ-၈) လက်အောက်ခံ (ခမရ ၄၀၉) တပ်ရင်းမှ လက်နက်များကိုင် ဆောင်ပြီး နှစ်ကြိမ်တိုင်တိုင် လာရောက်ကာ တားဆီးနှောင့်ယှက်မှုများပြုလုပ်ခဲ့သည်။ ၁၈.၉. ၂၀၂၀ ရက်နေ့တွင်အထက်ပါ မြန်မာ့တပ်မတော် တပ်ရင်း မှ စစ်ဗိုလ်အဆင့်ရှိသူ တစ်ဦးမှနေ့လည် ၁၂ နာရီ အချိန်တွင် KNU ညောင်ကုန်း Covid-19 စစ်ဆေးရေးနှင့် ကာကွယ်ရေးဂိတ်အား ဓာတ်ပုံရိုက်ရန် လာရောက်ခဲ့ပြီးဂိတ်မှ တာဝန်ရှိသူများကခွင့်မပြုခဲ့ သဖြင့် ဂိတ်မှတာဝန်ရှိသူများအား မေခ်မငံ ပြောဆိုကာ ၁၂ နာရီခွဲအချိန်တွင် ညောင်ကုန်းရှိ ၄င်းတို့စခန်းသို့ ပြန်သွားခဲ့သည်။ ထို့နောက် ၁၉.၉.၂၀၂၀ နေ့တွင်လည်း (စကခ-၈) (ခမရ ၄၀၉) မှ တပ်ခွဲမှူးအဆင့်ရှိသူ ဗိုလ်ကြီးကျော်သူဟိန်းနှင့် တပ်သားတစ်ဦး သည် လက်နက်များကိုင်ဆောင်ကာ နံနက်၁၀ရီခွဲအချိန်၌ ညောင်ကုန်း Covid-19 စစ်ဆေးရေးဂိတ်သို့ လာရောက်၍ "မင်းတို့ဒီဂိတ် ဖွင့်တာ တရားမဝင်ဘူး.ဘယ်သူ့ခွင့်ပြုချက်နဲ့ ဆောက်တာလဲ. ဒီလိုလုပ် လို့မရဘူး" စသည်ဖြင့် ဂိတ်မှတာဝန်ရှိသူများအား မချေမငံပြောဆိုမှုများရှိခဲ့ပြီး ၁၁နာရီခွဲအချိန်တွင် ၄င်း၏စခန်းသို့ပြန်သွားခဲ့သည်။ ယခုကဲ့သို့ မြန်မာ့တပ်မတော်မှ ကရင်ပြည်သူများ၏ တောင်းဆိုမှု ကြောင့် KNU မွ ဖွင့်လှစ်ထားပေးသော ညောင်ကုန်း Covid-19 ကာကွယ်ရေး.စစ်ဆေးရေးဂိတ်အား လာရောက် တားဆီးခြင်းဖိအားပေးခြင်းကဲ့သို့သော လုပ်ရပ်များသည် ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါရှိသော တိုင်းရင်းသားများရသင့်ရထိုက်သည့် အခွင့်အရေးများအား ဆန့်ကျင်နေခြင်းဖြစ်ပြီး တစ်နည်းဆိုရသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်မှ လာရောက်တားဆီးမှုအပေါ် ကေအဲန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်မှ " ကျနော်တို့က NCA လမ်းကြောင်းအတိုင်းသွားတာပါ" ဟုရှင်းပြသည်။ ပဒိုစောစိုးမြင့်မှဆက်လက်၍ (NCA အခန်း ၃) (အခန်း 6) တွင်ပါရှိသည့် သဘောတူညီချက်များနှင့်အညီ Covid-19 ကာကွယ်စစ်ဆေးရေးဂိတ်အား ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်။ ကေအဲန်ယူ.သထုံခရိုင်၏ Covid-19 ကာကွယ်စစ်ဆေးရေး ဆောင်ရွက် ချက်များအား မြန်မာ့တပ်မတော်မှ တားဆီးခြင်းသည် ကရင်တိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်း သား များအား Covid-19 ကပ်ရောဂါ ကူးစက်စေလိုသောကြောင့်ဖြစ်သည်ဟု ပဒိုစောစိုးမြင့်က ၄င်းအမြင်ကိုပြောပြသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်အတွင်းတွင် ဘားအံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ဟူ၍ မြို့နယ် လေးခုရှိသည်။ ညောင်ကုန်းကျေးရွာသည်ဘါးအံမြို့နယ် အတွင်းတွင် ရှိပြီး Covid-19 ကပ်ရောဂါ ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်အား ဒေသခံလူထု၏ တောင်းဆိုမှုကြောင့် ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပြီး နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန်၊ လက်ဆေးကြရန်နှင့် အပူချိန်တိုင်းခြင်းများ စေသာ Covid-19 ဆိုင်ရာ ပညာပေးခြင်းနှင့်ကာကွယ်တားဆီးရေး စစ်ဆေးရေးများကို လုပ်ဆောင်နေသော ဂိတ် တစ်ခုဖြစ်သည်။ သထုံခရိုင် လားခိုးရွာအနီးတွင် ဆောက်လုပ်ထားသော Covid-19 ကာကွယ်တားဆီး ရေးဂိတ်ကိုလည်း မြန်မာ့တပ်မတော်မှ ဖိအားပေးမှုများကြောင့် ဆိုင်းငံထားရသည်။ ကေအဲန်ယူ-သထုံခရိုင် အတွင်း ယခုလက်ရှိ Covid-19 ဒုတိယလှိုင်း တွင်ပိုးတွေ့လူနာ ရှိလာခြင်းကြောင့် ယခုကဲ့သို့ ကပ်ရောဂါစစ်ဆေးရေးဂိတ် များအားဖွင့် လှစ်ပေးရန် ပြည်သူလူထုမှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။