စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) တွင်ဖြစ်ပွားသော (၁၅) ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သာ (၄၇) ဦးသေဆုံး


ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေမှ (၁၅) ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား မြေပြင်တိုက်ပွဲပေါင်း (၅၅) ကြိမ်ဖြစ်ပွားခဲ့သည့်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄) ကြိမ်ခန့်ပြုလုပ်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံး ခဲ့ပြီး (၁၉) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေး သည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၂) ဦး အသက်ပေလှူခဲ့ရပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို (၁၅) ရက်တာတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား (၂၁) စီးအားလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။

ထို (၁၅) ရက်အတွင်း နေ့စဉ်နေ့တိုင်းတိုက်ပွဲများဖြစ်ပွားပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် များမှ ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ မူး (မုန်း) မြို့နယ် အုပ်ချုပ်နယ်မြေများ အတွင်းရှိ ပြည်သူလူထုပေါင်း (၅၀၀၀) ကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။