စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွား အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရ

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၃ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ ကို အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွာများ ဖြစ်ပွားခဲ့သည်။

မြန်မာ့စစ်တပ်မှ အာဏာသိမ်းယူလိုက်သည့်အပေါ် ပြည်သူလူထုများမှ လက်မခံသည့်အတွက် အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီအား ပြည်သူလူထုများမှ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ၎င်းတို့၏ သဘော ဆန္ဒများကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတို့သည် ပြည်သူ လူထုများ၏ သဘောဆန္ဒများကို လျစ်လျူရှုပြီး အကြမ်းဖက်သောနည်းလမ်းများကိုအသုံးပြုပြီး မတရားဖမ်းဆီးညှင်ပန်းနှိပ်စက်သတ်ဖြတ်ခြင်းများနှင့် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများအကို အများ အပြားပြုလုပ်လျက်ရှိသည့်အတွက်ကြောင့် ပြည်သူလူထုများမှာ ထိုမတရားအနိုင်ကျင့်စော်ကားမှုများ အား မခံမရပ်နိုင်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အားအမြစ်ပြတ်ချေမှုန်းဖို့ရန်အတွက် စိတ်ဓာတ်များ ပိုမို ပြင်ထန်လာသည့်အတွက်ကြောင့် နည်းလမ်းများရှာဖွေကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များဆီသို့ အသီးသီးသွားရောက်ခဲ့ကြပြီး ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းသို့လည်း ပြည်သူလူထုအများအပြားရောက်ရှိလာခဲ့သည်။

အာဏာသိမ်းမှုအဆက်ဆက်တွင် အာဏာသိမ်းမှုကိုလက်မခံဘဲ ဆန္ဒပြသည့် ပြည်သူလူထုများအား မြန်မာစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းသည့်အတွက် ဆန္ဒပြသည့် ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များ သည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းသို့ လာရောက် ခိုလှုံခဲ့ပြီး ထိုလာရောက်ခိုလှုံသူများအတွင်းတွင် မြန်မာစစ်တပ်မှစေလွှတ်လိုက်သော သလျှိုများလည်း အများအပြားပါဝင်ခဲ့သည်။ ထိုသလျှိုများသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်အတွင်းသို့ ရောက်ရှိလာသော ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များနှင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးတို့အကြား ယုံကြည်မှုမတည်ဆောက်နိုင်ရန်နှင့် ရောက်ရှိ လာသော ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များအခြင်းခြင်း စိတ်ဝမ်းကွဲမှုများဖြစ်အောင် နည်းလမ်း အမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့သည့်အတွက် နယ်မြေလုံခြုံရေးအပေါ် အထူးထိခိုက် စေခဲ့သည်။ ထို့အပြင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းသို့ အာဏာသိမ်းမှုအဆက်ဆက်တွင် လာရောက်ခိုလှုံခဲ့သည် လူအချို့သည် ယနေ့အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးလျက်ရှိသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးသည် နိုင်ငံရေးရပ်တည်ချက်၊ စစ်ရေးမဟာဗျူဟာများနှင့် အုပ်ချုပ်ရေးလှုပ်ငန်းများအခိုင်အမာရှိထားသည့်အလျောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွား ပြီး သည့်နောက်ပိုင်းတွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ အတွင်းရှိ ခရိုင်−တပ်မဟာ၊ မြို့နယ်−တပ်ရင်းများအတွင်းသို့ နည်းလမ်းအမျိုးမျိုးရောက်ရှိလာသော တော်လှန်လိုသည့် ပြည်သူလူထုများအား သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများမှ လက်ခံပြီး စစ်အာဏာ ရှင်းအား အမြစ်ပြတ်တွန်းလှန်တော်လှန်နိုင်မည့် သူများအား အဆင့်ဆင့်စီစစ်ရွေးချယ်မှုများ ပြုလုပ် ခဲ့ပြီး အခြေခံစစ်သဘောတရားနှင့် အခြေခံစစ်သင်တန်းများအား သင်ကြားပေးခဲ့သည်။ ထို့အပြင် အချို့သောလူငယ်များသည်း စုရုံးပြီး ၎င်းတို့ကိုယ်တိုင် ရန်ပုံငွေများရှာဖွေပြီး စစ်သင်တန်းများ သင်ကြားပေးဖို့ရန်အတွက် တောင်ဆိုခဲ့သည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရှိ တာဝန်ရှိသူများမှ ၎င်းတို့အား အခြေခံ စစ်သင်တန်းများ သင်ကြားပေးခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦးဆောင်မှုကိုလက်ခံသည့်လူငယ်များသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့်အတူတကွလက်တွဲပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိသည်။ ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန် နိုင်ရန်အတွက် ခရိုင်−တပ်မဟာ အသီးသီးတွင် စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်ဖြင့် တော်လှန် တိုက်ပွဲဝင်လျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ် အတွင်း ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၈၀၁) ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၁၅၂၆) ဦးသေဆုံးကာ (၁၃၄၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ တောအူးခရိုင် တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပါင်း (၂၇၇) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၅၀၅) ဦးသေဆုံးကာ (၂၀၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၅၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆၀၆) ဦးသေဆုံးကာ (၃၉၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၁၃၁) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၂၅၉) ဦးသေဆုံးကာ (၂၄၉) ဦးထိခိုက်ဒဏ်ရာရရှိခဲံသည်။ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း (၅၆၃၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၂၇၆၀) ဦးသေဆုံးပြီး (၂၃၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒူးပလာယာ တပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲ ပေါင်း (၆၆၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၁၂၂၀) ဦးသေဆုံးကာ (၉၉၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ (၂) နှစ်တာ တိုက်ပွဲများအတွင်း တိုင်းပြည်လွတ်လပ်ရေးအတွက် ရဲရဲဝံဝံ တိုက်ပွဲဝင်ရင်း (၂၁၉) ဦးမှာ အသက်ပေးလှူခဲ့ရပြီး (၆၀၅) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုမှာအရေးကြီးဆုံးအရာ ဖြစ်သည်။ စစ်အာဏာရှင်စနစ်မကျရှုံးသေးသည့်အတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲရအုံးမည်ဖြစ်သည်။