စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) လအတွင်း ဖြစ်ပွားသော တိုက်ပွဲစာရင်းချုပ်နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ


မတ်လ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၄၁၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ (၃၈၆) ဦး သေဆုံးကာ (၂၆၇) ဦး ဒဏ်ရာရခဲ့သည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုး အတွက် (၂) ဦးအသက်ပေးလှူခဲ့ရပြီး (၂၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် တိုက်ခိုက်ရေးသုံး လေယာဉ်များကိုအသုံးပြုပြီး ပြည်သူလူထုများ နေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ (၂၁) ကြိမ် ခန့်ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပြုလုပ် ခဲ့သည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များမှ ပြည်သူလူထုများ နေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများကို (၇၆) ကြိမ်ခန့်တွင် လက်နက်ကြီးအလုံးရေ (၃၅၁) လုံး ထက်မနည်းပစ်ခတ်ခဲ့သည်။ ဤကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် ပြည်သူလူထုပိုင်ဆိုင်သော နေအိမ် (၄၄) လုံး၊ Junior collage (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း (၂) ကျောင်း၊ ဆေးပေးခန်း (၂) လုံး၊ ပြည်သူပိုင်အဆောက်အဦး (၂၅) လုံးတို့မှာ ထိခိုက်ပျက်စီးခဲ့ရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သော နေအိမ် (၂၁) လုံးအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူလူထု (၇) ဦးအားလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးနောက် (၆) ဦးအား တရားစွဲဆိုကာ ထောင် (၆) လချခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သော ပြည်သူ လူထုများ နေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင် စားသောက်သောလုပ်ငန်းခွင်များ အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူလူထုများ သွားလာသောလမ်း တွင်မိုင်းထောင်ခြင်း နှင့် ပြည်သူလူထုများအားအကြောင်းမဲ့သေနတ်ဖြင့် ပစ်ခတ် ခြင်းတို့ကြောင့် ပြည်သူလူထု (၁၁) ဦး အသက်သေဆုံးခဲ့ရပြီး ဦးဇင်း (၃) ပါး ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၄၁) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။