စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးချုပ်စောတာမလာသောအား ကေအိုင်စီ-ကရင်သတင်း ဌာနက ဆက်သွယ်မေးမြန်းထားချက်

KNU-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ ၂၀၂၀၊ ဒီဇင်ဘာလ ၁ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိ သူ စစ်ဦးစီးပထမတန်းအရာရှိ ဗိုလ်မှူးချုပ်စောတာမလာသောအား ကေအိုင်စီ-ကရင်သတင်း ဌာနက ဆက်သွယ်မေးမြန်းထားချက် ဖြစ်သည်။

မေး – KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ကြေငြာချက်ထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ပြောပြ ပေးပါလား။
ဖြေ – ထုတ်ပြန်ကြေငြာချက်ထုတ်ရတဲ့ ရည်ရွယ်ချက်က NCA ထိုးပြီးသော်လည်း အထူးသဖြင့် အခန်း(၃)နှင့် အခန်း (၆)၊ အပိုဒ်(၂၅)ပါ သဘောတူညီချက်ကို ယနေ့အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူး။ အခန်း(၃)မှာဆိုရင် အပစ်ရပ်နယ်မြေကိစ္စ၊ တပ်နေရာချထားရေးကိစ္စ၊ အဓိပ္ပါယ်ဆိုလိုရင်းကိစ္စ၊ NCA အထဲမှာ ပါရှိသည့် ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သည့်နေရာတွင် တပ်စခန်းများမရှိရေးကိစ္စ။

ဒါတွေ တစ်ခုမှဆွေးနွေးနိုင်ခြင်း မရှိသေးဘူး။ အခန်း(၆)၊ အပိုဒ်(၂၅)မှာဆိုရင် ကြားကာလကိစ္စ ဆွေးနွေးနိုင်ခြင်းမရှိတဲ့ အခါ နှစ်တွေကြာလာတော့ ယုံကြည်မှုက ကျလာတယ်။ ၂၀၁၂ ခုနှစ် အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေးတုန်းကလည်း KNLA ရဲ့ လိုလားချက်ဖြစ်တဲ့ ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သည့်နေရာတွင်ရှိသည့် တပ်စခန်းရွှေ့ပြောင်းရေး ကိစ္စ၊ တပ်များသွားလာရန် လမ်းကြောင်းကိစ္စ တင်ပြထားတာ ရှိခဲ့တယ်။

ဒါကို အကောင်အထည်ဖေါ်နိုင်ဘို့ စောင့်မျှော်နေတာ (၈)နှစ်ကျော်ကြာခဲ့ပြီ။ သို့သော်လည်း ယနေ့အထိ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် ဆက်လက် မျှော်လင့်စရာမရှိတော့တဲ့ အနေအထားရောက်သွားတဲ့သဘောဖြစ် သွားတာပေါ့။ နောက်ပြီးတော့ မြေပြင်မှာ တပ်မတော်ဘက်က အသာစီးရယူမှုတွေရှိတယ်လို့ ယူဆလာတဲ့အခါ ယုံကြည်မှုက ပိုပြီး ကျဆင်းသွားတဲ့သဘော ဖြစ်သွားတာပေါ့။

Read Full Article Here

http://kicnews.org/2020/12/%E1%80%86%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%99%E1%80%B8%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1-3/?fbclid=IwAR0oyoTsw9flRgE_JYKvGQ5AZiHfd6qxqMenu-lw4IUI7QI0UNhl6WKr-tk

Credit: KIC