စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာ့တပ်မတော်မှ လာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အဆက်မပြက်ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ စာသင်ကျောင်းများ ပိတ်ထားရပြီး ၎င်းတို့၏ရပ်ရွာများအား စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များထဲသို့ တိမ်းရှောင်နေရ

၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၁၈ရက်
၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုကြောင့် ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် (ဃဲဒဲ ကျေးရွာ)မှ ဒေသခံပြည်သူများ စာသင်ကျောင်းများ ပိတ်ထားရပြီး ၎င်းတို့၏ရပ်ရွာများအား စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များထဲသို့ တိမ်းရှောင်နေရသည်။
ဇန်နဝါရီလ(၁၇)ရက်နေ့ညနေ( ၅းဝ၈)နာရီအချိိ်န်တွင် သွေးဘိုးပလော၊ အီးသာပလော ဒေသများတွင် အခြေစိုက်နေထိုင်သော မြန်မာ့တပ်မတော်မှ လက်နက်ကြီး အလုံးရေ(၃၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး လက်နက်ငယ် များဖြင့်လည်း တစ်ညလုံးပစ်ခတ်မှုကြောင့် ဒေသခံများမှာ မိမိနေအိမ်များအား စွန့်ခွာ၍ ဘေးလွတ်ရာ တောင်တောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြန်မာ့တပ်မတော်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများမှာ ဃဲဒဲကျေးရွာအုပ်စုမှ ကျောင်းဆရာမ(၈)ဦး၊ ကျောင်းဆရာ(၂)ဦး၊ ကျောင်းသား ၈၅ဦးနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၈၅)ဦးဖြစ်သည်။၎င်းကဲ့သို့ ပစ်ခတ်ခြိမ်းခြောက်မှုများကြောင့် ဒေသခံများ ကြောက်ရွံ့ ထိန့်လန့်နေကြပြီး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇန်နဝါရီလ(၁၈)ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ ဃဲဒဲကျေးရွာရုံးသို့ လာရောက်၍ လက်နက်များဖြင့် အချိန်နှစ်နာရီကြာ ပစ်ခတ်ခြိမ်းခြောက်ခဲ့ပြီး ဒေသခံပြည်သူများရှိရာသို့ ဆက်လက်သွားခဲ့သည်။
ယခုအချိန်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသော စစ်ဘေးရှောင် ဒေသခံပြည်သူများသည် ကျန်းမာရေးပြဿနာ၊ စားနပ်ရိက္ခာပြဿနာ၊ နေရာထိုင်ခင်းအခက်အခဲ ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။