စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကား ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

 ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ (၁၉)ရက်၊ သူးလေသတင်းစဉ်
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက် (၉◌း၂၅) အချိန်တွင် ပကော်ခီးကျေးရွာသား စောလယ်ဘောသည် ရွှေ့ပြောင်းနေရာမှ ၎င်း၏ နေအိမ်သို့   အိမ်မွေးတိရိစာ္ဆန်များကို အစာကျွေးရန် ပြန်ရောက်ရှိစဉ် တပ်မတော်မှ ဗိုလ်မှူး မောင်မောင်ဆန်း ဦးဆောင်သော တပ်ရင်း ခမရ (၆၀၃)၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကျေးရွာအတွင်းသို့ ရမ်းကား ပစ်ခတ်မှုကြောင့် ၎င်း၏ ပေါင်နှစ်ဖက်နှင့် ဦးခေါင်းကို ထိခိုက်ခဲ့သည်။ ယခု၎င်း၏ လက်ရှိအ ခြေအနေမှာစိုးရိမ်ရပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ)၊ တာဝန်ရှိသူများမှ  ၎င်းအား ဆေးဝါးကုသပေးရန်ုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ (လယ်ဒိုကော်ဆာ) အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "အစိုးရက တပ်မတော်ကို  ယခုကဲ့သို့ NCA ကို လာရောက်ပြီး အထပ်ထပ်ချိုးဖောက်ခိုင်း သောကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်ပြီး ဤပြဿနာကို အစိုးရနှင့် ကေအဲန်ယူ ခေါင်းဆောင်များ တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်းရမည်ဖြစ်သည်ဟု" ပြောသည်။

၎င်းပစ်ခတ်မှုသည် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်မှ စတင်၍ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ကျေးရွာပေါင်း(၄)ရွာ၊ အိမ်ခြေပေါင်း (၁၃၀ ) ၊ လူဦးရေ (၇၉၀ )ဦး ထွက်ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ထိန်းချုပ်နယ်မြေအတွင်းတွင် ကျောက်ကြီးမြို့နယ်(လယ်ဒိုကောဆာ)၊ ရွှေကျင်မြို့နယ်(ဆောထိကော်ဆာ)နှင့် မုန်းမြို့နယ် (မူးကော်ဆာ) သုံးမြို့နယ်ရှိသည့်အနက် ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ)တွင် မကြာခဏ ပစ်ခတ်မှုများရှိသည်။