စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
တပ်မတော်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံး

ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၂၁ခုနှစ်၊ သူးလေသတင်းစဉ်
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်၊ နံနက်(၇◌း၀၀) အချိန်တွင် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) ကြားရှိ လားလာ (နယ်ကြား) စခန်း ပတ်ဝန်းကျင်တွင် တပ်မတော်မှ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးသွားပြီး ဤသေဆုံးသွားသူ အရပ်သား နှစ်ဦး၏ အမည်မှာ ဦးတာ အသက်(၅၇)နှစ် နှင့် ဂျီဖိုး အသက် (၄၂) နှစ် တို့ဖြစ်သည်ဟု သိရသည်။
ဤဖြစ်ရပ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)၊ အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "တပ်ရင်းမှူးအဆင့်ရှိ ရှမ်းလေး (ခမရ ၅၇) သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မူသယ်ကျေးရွာတာဝန်ရှိသူများဖြစ်ကြတဲ့ စောစေးခေသော၊ စောခင်သန်းမူး၊ စောဂေနေမူးနှင့် စောဖားနေတို့ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရွာပြင်ကို ကိုက် (၅၀) ကျော်ထက်လွန်ပြီးတော့ မသွားရဘူတဲ့ သွားရင်သူတို့ လုံခြုံရေးအတွက် ပစ်ခတ်ရမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအချိန်ကစပြီးတော့ မူသယ်ကျေးရွာသူရွာသားတွေက ရွာပြင်ကို ကိုက်(၅၀)ထက်ကျော်လွန်ပြီး မသွားရဲတော့ဘူး" လို့ ယခုလို ပြောသည်။
သေဆုံးသွားသူနှစ်ဦး၏ သေဆုံးခဲ့သည့်နေရာသည် ကျေးရွာများနှင့် အလွန်ကွာဝေးပြီး ထိုနေရာတွင် တပ်မ တော်စခန်းများသာ ရှိသည့် နေရာဖြစ်သည်။
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကျောက်ကြီးမှ မူသယ်သို့ ဖောက်လုပ်ထားသော ကားလမ်းအနီး တပ်မဟာ (၃) နှင့် တပ်မဟာ (၅) အကြားရှိ တည်ရှိခဲ့ကြသော ကျေးရွာများသည်လည်း တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ချမှုကြောင့် ကြောက်ရွံ့ပြီး နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။