စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာစစ်တပ်၏ထိုးစစ်ဆင်မှုကြောင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး ပြည်သူလူထု လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရ

၂၆ ဇန်နဝါရီ ၂၀၂၁ ခုနှစ်
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြာ်ခရိုင်၏ ထိန်းချုပ်နယ်မြေအတွင်းသို့ မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများပြုလုပ်လာသောကြောင့်
ကေအဲန်ယူ - တပ်မဟာ ၅ ၏ နယ်မြေကာကွယ်ရေးတပ်များနှင့်ထိတွေကာ ပစ်ခတ်တိုက်မှုများဖြစ်ပေါ်၍ ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅ အုပ်စုမှ ကျေးရွာပေါင်း ၁၇ ရွာ ၊ အိမ်ခြေပေါင်း ၇၀၀ နှင့် လူဦးရေပေါင်း ၄၁၃၁ ယောက်တို့သည် ကျေးရွာ နှင့် နေအိမ်တို့ကို စွန့်ခွာ၍ အသက်ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။
ဤသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နောက်ဆုံးထား၍ ကောက်ခံရရှိသောစာရင်းဖြစ်သည်။
ဤထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူလူထုများသည် ကလေးသူငယ် ၊ မိန်းမသားများ နှင့် သက်ကြီးရွယ်များပါဝင်ပြီး ဆိုးရွားသော ရာသီဥတု၏ ဒဏ်ကို ခံစားခဲ့ရသည်သာမက အစာရေစာ အခက်အခဲ ပြသနာများနှင့်လဲ ရင်ဆိုင်ခဲ့ရပါသည်။
အချို့သောသူတို့သည် ရွာနှင့်ဝေးရာသို့ထွက်ပြေးလိုက် ပြန်လာလိုက်နှင့်ရှိနေသော်လည်း စိုးရိမ်ကြောက်ရွံ့ထိန့်လန့်မှုများနှင့်သာရှိနေခဲ့ရပါသည်။
ထို့အပြင် ကျောင်းသူ/သား များ နှင့် ဆရာ/မ များသည်လဲ ထွက်ပြေးတိမ်းခဲ့ရသူများထဲတွင် ပါဝင်သဖြင့် ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမတို့သည် ပညာသင်ယူ/သင်ကြားခွင့်မရတော့သဖြင့် ထိုဒေသအတွင်းရှိ စာသင်ကျောင်းပေါင်း ၁၁ ကျောင်းကိုလဲ ပိတ်ထားခဲ့ရပါသည်။
ထိုထက်မက မြန်မာစစ်တပ်များသည် လူသွားလာနိုင်သောနေရာနှင့် လမ်းများကို ပိတ်ဆို့ဟန့်တားမှုများပြုလုပ်သောကြောင့် ပြည်သူလူထုများသည် အခက်အခဲ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်သာမက မြန်မာစစ်တပ်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ၊ ထိခိုက်ဒဏ်ရာရရှိမှုများ နှင့် ထိခိုက်သေဆုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။
ဤ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျေးရွာအုပ်စု ၅ အုပ်စုထဲတွင် မဲဝိုင်ကျေးရွာအုပ်စုမှ အများဆုံးဖြစ်သည်။