စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရန် ဒေသခံကရင်လူထု (၂၀၀၀) ဦးကျော်မှ ဆန္ဒထုတ်ဖော်မှုပြုလုပ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်။ သထုံခရိုင်
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်း ကျေးရွာအုပ်စု၊ ကြက်သောင်းဆိပ်ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း (၁၂)ရွာမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရန် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ဒေသခံကရင်လူထု (၂၀၀၀)ဦးကျော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါဆန္ဒထုတ်ဖော်ရာတွင် (၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၂) နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးဆောင် ရွက်ရေး၊ (၃) ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများ အလိုမရှိ၊ (၄) ကျေးရွာအတွင်း တပ်စွဲထားသည့် တပ်စခန်းများအား အလိုမရှိ၊ (၅) အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ဖြေရှင်းပေး ရေး၊ (၆) နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး စသည့် အချက်(၆)ချက်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
ဇန်နဝါရီလ (၂၄) ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကျိုးကျေးရွာအုပ်စု၊ တာအူခီးကျေးရွာ အုပ်စု၊ ကြိုးဝိုင်းကျေးရွာအုပ်စုများမှ ဒေသခံကရင်လူထု (၂၀၀၀)ဦးကျော်မှ အထက်ပါအချက်(၆)ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။