စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ထီးမူးခီးရွာဟောင်းနေရာ၌ ထီးမူးခီးရွာသားများ ပထမဆုံးအကြိမ် ဆုတောင်းပွဲပြုလုပ်

၃၀ ဇန်နဝါရီ ၂၀၂၁ခုနှစ်
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် လူသောမြို့နယ် စောမူပလောကျေးရွာအုပ်စု ထီးမူးခီးရွာ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဌာနေတိုင်းရင်းသား ပြည်သူလူထုများ စုစည်းကြ၍ မိမိတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်အညီ ဆုတောင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ ဆုတောင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ဒေသအတွင်းရှိ မြန်မာတပ်စခန်းများ ပြန်လည်ရုတ်သိမ်းစေရန် အတွက်ဖြစ်သည်။ ဤအစီအစဥ်ကို ကျေးရွာ လူကြီးများနှင့် ကျေးရွာသူ ကျေးရွာသားများမှ ဆွေးနွေးတိုင်ပင်ကြ၍ စီစဥ်ပြုလုပ်ခြင်းဖြစ်ပြီး ထီးမူးခီးရွာဟောင်းတည်ရှိရာနေရာ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ လူဦးရေ ၇၀ ခန့် ဆုတောင်းပွဲကို တက်ရောက်ခဲ့ပါသည်။ ( ကျွန်တော်တို့ဒေသအတွင်းရှိ မြန်မာစစ်တပ်များ ပြန်လည်ထွက်ခွာပြီး ကျွန်တော်တို့သည် ကိုယ့်နေရာသို့ ကိုယ်ပြန်လည်နေထိုင်နိုင်ရန် ၊ လွတ်လပ်စွာလုပ်ကိုင်စားသောက်နိုင်ရန် နှင့် လွတ်လပ်သွားလာနိုင်ရန်အတွက် ကျွန်တော်သည် စုစည်းကပြီး ဤဆုတောင်းပွဲ အစီအစဥ်ကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါသည် ) ဟု ထီးမူးခီးရွာသားဖြစ်သူ "စောအယ်နေမူး" က ပြောပါသည်။