စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
(၇၄) နှစ်မြောက် KNU- ကရင်အမျိုးသားအစည်းအရုံးနေ့ ကို ဘားအံခရိုင် (လေးဝါး) တွင်ကျင်းပ

ယနေ့ ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နေ့ အခမ်းအနားကို ဘားအံခရိုင် (လေးဝါး) ခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကေအဲန်ယူ-အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကေအဲန်ယူ- ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ (၇၄)နှစ်မြောက် KNU Day ကို  ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး နှင့် ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး တို့မှ ဂုဏ်ပြုတိုက်တွန်းစကားပြောကြားခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူထူးစေးဖိုး ၏ (၇၄) နှစ်မြောက် KNU- ကရင်အမျိုးသားအစည်းအရုံးနေ့ သို့ပေးပို့သောသဝဏ်လွှာအား ဗဟိုအမြဲတမ်းကော်မတီ ပဒိုမန်းဘထွန်း မှ ဖတ်ကြားခဲ့ပြီး ကရင်အမျိုးသမီးအစည်းအရုံး၏ ပေးပို့လာသောသဝဏ်လွှာကို နော်နိုရီး မှ ဖတ်ကြားပေးခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းမှ KNU- ကရင်အမျိုးသားအစည်းအရုံးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောအောင်မော်အေး မှ နိဂုံးချုပ်မိန့်ခွန်း နှင့် ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်သီဆိုရုပ်သိမ်းခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇    ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်မှ (၅) ရက်နေ့တို့တွင် ထိုအချိန် ထို အခါတွင် ဖွဲ့စည်းထားရှိကြသော (၁) ဒေါကလု (Karen National Association- KNA)၊ (၂) ဗုဒ္ဓကရင်အမျိုးသား အစည်းအရုံး(BKNA)၊ (၃) ကရင်ဗဟိုအဖွဲ့ချုပ်(Karen Center Organization-KCO)၊ (၄) ကရင်လူငယ် အစည်းအရုံး (Karen Youth Organization-KYO) စသည့် ကရင်အဖွဲ့အစည်းများတို့သည် ရန်ကုန် ၌ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားအရေးဆောင်ရွက်ရာတွင် တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ဖြင့်လုပ်ဆောင် သွား နိုင်ရန်နှင့် ကရင်တမျိုးသားလုံး၏ အမျိုးသားရေး နှင့် နိုင်ငံရေးအရ ရသင့်ရထိုက်သော အခွင့်အရေးများ ပြီးပြည့်စုံရန် နိုင်ငံရေးအရ ဦးဆောင်ရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး (Karen National Union-KNU) ကို ကရင် တမျိုးသားလုံးကို ကိုယ်စားပြုသော အစည်းအရုံးအဖြစ် တညီတညွတ်တည်း ဖွဲ့စည်းတာဝန်ပေးခဲ့သည်။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ၏ သဝဏ်လွှာတွင် မိမိတို့ ကရင်အမျိုးသားများသည် မိမိတို့၏ နိုင်ငံရေးဆန္ဒ နှင့် ရည်မှန်းချက်များ ပြီးပြည့်စုံခြင်း မရှိသေးပေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ဖွဲ့စည်း တည်ထောင်စဉ်ကာလကတည်းက ပေးအပ်ထားသော တာဝန်အတိုင်း အနာဂါတွင် ရှေ့ဆက်ကြိုးပမ်းအားထုတ် ကြရပါမည်၊ အစည်းအရုံးသည် ကရင်တမျိုးသားလုံးအတွက် ဖွဲ့စည်းတည်ထောင်ခဲ့သောကြောင့် ကရင်တမျိုးသားလုံး၏ အကျိုးစီးပွားအတွက် ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် အစည်းအရုံးကြီး၏ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် အစည်းအရုံးကြီး၏ စိတ်ဓါတ်၊ ခံယူချက် သဘောတရားများကို နားလည်လက်ခံထားပြီး အစည်းအရုံး ကြီးသည် ကရင်အမျိုးသားများ၏ ကံကြမ္မာအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း အစည်းအရုံး၏ ရည်မှန်းချက်ပန်းတိုင်အတိုင်း နှင့် ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည့်တိုင် ကျရာအခန်းကဏ္ဍအသီးသီးတို့တွင် ကြိုးပမ်းအားထုတ်သွားကြရန် မိမိအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံးကြီး ဖွဲ့စည်းတည်ထောင်သော (၇၄)နှစ်ပြည့် အခါသမယတွင် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊လုပ်ဖေါ်ကိုင်ဖက် များနှင့် ကရင်လူထုအားလုံးကို ဆုမွန်ကောင်းတောင်း တိုက်တွန်းထားပါသည်။
(၇၄) နှစ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနေ့(KNU Day) ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ခရိုင်ဒေသအသီးသီးတို့တွင်လည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်။