စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့သော နေရာအနီးသို့ တပ်မတော်မှ ရောက်ရှိခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူများ နောက်ထပ်တစ်နေရာ ထွက်ပြေးတိမ်း ရှောင်ရပြန်

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ နေ့လည် (၁၂) နာရီခွဲအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊  ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အချိန်မှ ယခုအချိန် အထိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့သော နေရာအနီးတွင် တပ်မတော်မှ ရောက်ရှိခဲ့သောကြောင့် ပြည် သူများ နောက်ထပ် တစ်နေရာ သို့   ထွက်ပြေးတိမ်းရှောင်ရပြန်သည်။
စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦးဖြစ်သူ စောထီးဖော မှ အသုံးအဆောင်အတွက် ပြုလုပ်ရန် လိုအပ်သော ကြိမ်နှင့် စားစရာများကို ထွက်ပြေးတိမ်းရှောင်ခဲ့သည့် နေရာ၏အနီးတစ်ဝိုက်တွင် ရှာထွက်ရာ တပ်မတော် နှင့် ထိပ်တိုက်တွေ့ဆုံပြီး တပ်မတော်မှ ၎င်းအားပစ်ခတ်သောကြောင့် ထွက်ပြေးလွှတ်မြောက်ခဲ့သည်။ တစ်ချိန် တည်းမှာပင် တပ်မတော်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဃဲဒဲကျေးရွာရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်  မွှေနှောက်ခဲ့သည်။ ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများသည် မိမိတို့နေအိမ်မှ ကျန်ခဲ့သော ဆန်၊ စပါး၊ စား နပ်ရိက္ခာများ၊ ပစ္စည်းကိရိယာများကို ပြန်ပြီး မယူရဲကြတော့ပါဟု ကျေးရွာအုပ်စုခေါင်းဆောင် တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။