စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကျေးရွာနှင့်အနီးဝန်းကျင်တွင် ပစ်ခတ်သံများ ကြားနေရသောကြောင့် နောက်ထပ်ကျေးရွာ ၃ ရွာ ထွက်ပြေး တိမ်းရှောင်ရ

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် (၈း၃၀) အချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊   ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခတ်သံများ ကြားနေရ   သောကြောင့် နောက်ထပ်ကျေးရွာ ၃ ရွာဖြစ်သော ဒိုဒေါ်ခီးကျေးရွာ၊ ကော်လေဒဲကျေးရွာ နှင့် လယ်ဆူခို   ကျေးရွာမှ ရွာသူ၊ ရွာသားများ အိမ်ခြေပေါင်း ၄၇ အိမ်၊ နေရပ်စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရေးမှူး ပဒိုစောဆာဝါး မှ "အဲသတင်းကမှန်တယ်။ ကျွန်တော်ပြောခဲ့သလိုဘဲ လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ လက် နက်ဖြင့် ပြည်သူလူထုများကို တစ်လျှောက်လုံး ခြိမ်းခြောက်ပစ်ခတ်သတ်ဖြတ်နေရာတော့ ဘယ်ပြည်သူလူထုမှ ခေါင်းပြားအောင် အိပ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီတော့ အဲ့ဒီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို  ပြည်သူလူထုနှင့် ပတ်သက်တဲ့နေရာတွင်မှာ မဖယ်ရှားနိုင်ရင် ပြည်သူလူထုများကတော့ သူတို့အသက်ရှင် နိုင်ဖို့ ရှောင်တိမ်းရမှာပေါ့" လို့ပြောသည်။
ယခုလက်ရှိအာဏာသိမ်းစစ်တပ်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ဆက်လက်ပြီး အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ယခုလက်ရှိအခြေအ  နေအထိ NCA စာချုပ်ကို ချိုးဖောက်နေဆဲဖြစ်သည်။