စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် မွ လက်နက်ကြီးများ ပစ်ခတ် သဖြင့် ကျေးရွာသူရွာသားများ ပြေးလွှားပုန်းရှောင်နေရ

၂၀၂၁ ခုနှစ်၊ မတ္လ (၉) ရက်
သူးလေသတင်းစဉ်
       ၂၀၂၁ ခုနှစ်၊ မတ္လ (၇) ရက် နှင့် (၈)ရက်နေ့ တွင် မူတရော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာ အနီးတွင် နေရာယူထားကြသော အာဏာသိမ်း စစ်တပ် လက်အောက်ခံ ခမရ (၃၃၉) မွ လက်နက်ကြီး (၂၇) ချက် ပစ်ခတ် ခဲ့ခြင်းကြောင့် ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲပြီး အိမ်ထောင်မိသားစု (၄၈) စု လူဦးရေ (၁၀၀) ကျော် မွာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိတ်လန့်စိုးရွံ့မှုများ နှင့် ပုန်းနေကြရပါသည်။ ပြည်သူလူထု၏ လုံခြုံရေး အတွက် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ္မဟာ (၅) မွ တာဝန်ယူထားပေးရပါ သည်။

       လတ္တေလာ အခြေအနေအရ အာဏာသိမ်းစစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခြင်း မ်ား ကို တတိုင်းပြည်လုံးတွင် လုပ်ဆောင်နေကြပါသည်။ ဆန္ဒထုတ် ဖော်သူများ အနေဖြင့် စည်းကမ်းသေဝပ်စွာ ဆန္ဒပြ ကြွေးကြော် ကြသော်လည်း အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့များ နှင့် ရဲတပ်ဖွဲ့များ မွ အကြမ်းဖက် နှိမ်နင်းနေ ပြီး ပစ်သတ်ခြင်းများ ပင် ဖြစ်လာကြောင်း သိမြင်နေရပါသည်။

       ဒေသအချို့တွင်မူ ဆန္ဒဖော်ထုတ်နေကြသော မိဘပြည်သူများ နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့မှ စစ်သည် ရဲဘော်များ လိုက်ပါဝန်းရံ စောင့်ရှောက်ပေးကြပါသည်။ တချိန်တည်းမှာပင် အဆိုပါ တပ်ဖွဲ့များ အနေဖြင့် ပြေးလွှားရှောင်ပုန်း နေရသော ကျေးရွာသူကျေးရွာသားများ အတွက်လည်း လုံခြုံရေး ယူပေး နေကြ ရသည်