စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မုန်းမြို့ အတွင်း ဆန္ဒထုတ်ဖော်ကြသော ပြည်သူလူထု နှင့် အာဏာသိမ်းစစ်ကောင်စီ တို့အကြား အခြေအတင် ဖြစ်ပွား

၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်

၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ နံနက် (၈း၀၀) နာရီ အချိန်တွင် မုန်းမြို့ ပြည်သူလူထု မှ ဆန္ဒ ဖော်ထုတ် ကြပါ သည်။ ထိုသို့ ဆန္ဒထုတ်ဖော်ခြင်း အပေါ် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ ခမရ(၅၉၀) (၅၉၉) နှင့် ပြည်သူ့ရဲ တို့မှ လိုက်လံဖမ်းဆီးပြီး ဆိုင်ကယ်၊ ကား များ ကို သိမ်းယူသွားကြပါသည်။ စစ်တပ် နှင့် ရဲ များ မှ လိုက်လံဖမ်းဆီးခြင်း အပေါ် ကင်မရာဖြင့်ရိုက်ခြင်း ကို တားမြစ်ပြီး ရိုက်ယူသူများကို လိုက်လံ ရိုက်နှက်ကြ ပါသည်။

ပြည်သူလူထု မှ အဘယ်ကြောင့် ရိုက်နှက်သနည်း ဟု မေးမြန်းသော အခါ ၎င်းတို့မှ ဘာမှမဖြစ်ဘူး၊ အဲလို ရိုက်တာ မကြိုက်လို့ ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ပြည်သူလူထု မှ ဆန္ဒထုတ်ဖော်ရင်း ဆက်ရိုက် ဓါတ်ပုံရိုက် သဖြင့် စစ်တပ် နှင့် ရဲ မှ သေနတ် (၁၅)ချက် ခန့် ပစ်ဖောက် ခဲ့ကြသောကြောင့် ပြည်သူလူထု မှ လူစုခွဲ ခဲ့ပါသည်။

စစ်တပ် နှင့် ရဲ မှ ဖမ်းမိသူများ ကို ၎င်းတို့ ဖမ်းထားသော ကားများ ပေါ်သို့ တင်ပြီး စစ်တပ်သီချင်းများ ကို ဖွင့်ကာ မြို့တွင်းတွင် လှည့်ပတ် ခဲ့သည် ဟု သိရပါသည်။ ပြည်သူထဲမှ တစ်ဦး က ဒီလို လုပ်တာ က ဆန္ဒပြသူတွေကို အပစ်ပေးတာ မျိုးပဲ ဖြစ်တယ် ဟု ပြောကြားသည်။ ဖမ်းဆီးခံရသူများ ကို နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် ပြန်လွတ်ပေးကြောင်း၊ ထိုသို့ လွတ်ပေးခံရရန် ခံဝန်ဖြင့် လက်မှတ်ထိုးခဲ့ရခြင်း၊ နောက်တစ်ဖန် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း မပြုတော့ကြောင်း ကတိပြု လက်မှတ် ထိုးခဲ့ရသည် ဟု သိရပါသည်။

မုန်းမြို့ ဒေသမှ ပြည်သူလူထု အနေဖြင့် စစ်အာဏာသိမ်းသည့်နောက်ပိုင်း (၂၀၂၁/၂/၂) ရက်နေ့မှ စတင်၍ ဆန္ဒ ဖော်ထုတ်ခြင်း ရှိခဲ့သော်လည်း ယခုကဲ့သို့သော အခြေအတင် ဖြစ်ပွားမှုများ မရှိခဲ့ပါ။
မတ်လ (၈) ရက်နေ့မှ စတင် ပြီး ခမရ (၅၉၉) မှ တပ်အင်အား အသစ်များ ဖြည့်တင်းပြီး ခမရ (၅၉၀)၊ ရဲ တို့နှင့် ထပ်မံပူးပေါင်း ကာ ဆန္ဒ ထုတ်ဖော်သော ပြည်သူလူထု များကို လိုက်လံဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ကား၊ ဆိုင်ကယ်များ ကို သိမ်းယူခြင်း များ ရှိခဲ့သည် ဟု သိရပါသည်။