စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
လူသောမြို ့နယ်နှင့်ဘူးသိုမြို ့နယ်မှဒေသခံပြည်သူများစစ်အာဏာရှင် ဆန့်ကျင်ရေး၊ မိမိတို့ ဒေသတွင်းရှိစစ်စခန်းများ ရုတ်သိမ်ရေးနှင့်မိမိတို ့ ဒေသအတွင်းရေကာတာအလိုမရှိကြောင်းဆန ္ဒဖော်ထုတ်

မတ်လ (၁၄) ရက် ၂၀၂၁ ခုနှစ် သူးလေသတင်းစဉ်
မူတြော်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မိမိတို ့ဒေသအတွင်းရှိမြန်မာ့တပ်မ တော် စစ် စခန်းများ ပြန်လည်ရုတ်သိမ်းပေးရေး၊စစ်အာဏာရှင်ဖြုတ်ချရေးနှင့် မိမိတို ့ဒေသအတွင်း ရေကာတာ အလို မရှိ ကြောင်းယနေ့ကျရောက်သောနိုင်ငံတကာရေကာတာဆန် ့ကျင်ရေးနေ ့တွင် လူသော မြို ့နယ် နှင့် ဘူးသိုမြို ့နယ် အတွင်းရှိဒေသခံပြည်သူများက နေရာနှစ်ခုတွင် တစ်ပြိုင်နက်တည်း ဆန္ဒ ဖော်ထုတ် ခဲ့သည်။
ယနေ ့မတ်လ(၁၄)ရက်နေ ့တွင် ကျရောက်သော နိုင်ငံတကာ ရေကာတာ ဆန် ့ကျင်းရေးနေ ့တွင် မူတြော်ခရိုင်အတွင်းရှိ ဌာနေဒေသခံပြည်သူများမှ ရေကာတာဆန် ့ကျင်ရေးလှုပ်ရှားမှုနှင့်အတူ ့ မိမိတို ့ဒေသအတွင်းရှိမြန်မာ့တပ်မ တော် စစ် စခန်းများ ပြန်လည်ဆုတ်ခွာရုတ်သိမ်းပေးရေး နှင့် ယခု လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပါတ်သက်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း နှင့်မြန်မာ့တပ်မတော်မှ မိမိတို ့ဒေသခံပြည်သူများ၏ နေထိုင်ရာနှင့်လုပ်ကိုင်စားသောက်ရာ နေရာ များသို ့လက်နက်ကြီးများပစ်ခတ်မှုများကိုဆန် ့ကျင်ကန် ့ကွက်ကြောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဤကဲ့သို ့ဒေသခံပြည်သူများမှဆ္ဒထုတ်ဖော်ပြသခဲ့ကြရာတွင် လူသော မြို ့နယ်အတွင်းရှိ ကျေးနယ် အုပ်စု (၆) ခုမှဌာနေဒေသခံပြည်သူ (၃၂၀၀) နှင့်ဘူးသိုမြို့နယ်အတွင်းသံလွင်ကမ်းနားတစ်လျှောက်ရှိထောင်နှင့်ချီသောဌာနေဒေသခံပြည်သူတို ့သည် ၄င်းတို ့ဒေသအတွင်း ယခုလက်ရှိဖြစ်ပွားနေသော မြန်မာ့တပ်မတော်များ၏ ၄င်းတို ့နေထိုင်ရာကျေးရွာဝန်းကျင်၊ လုပ်ကိုစားသောက်ရာနေရာများနှင့်လူသွားလူလာလမ်းများတွင် လက်နက်ကြီး ပစ်ခတ် ခြင်းများကြောင့် ဌာနေဒေသခံပြည်သူများသည် မိမိတို့ ကျေးရွာအတွင်း မနေထိုင်ရဲတော့သည်သာမက မိမိတို့ လုပ်ကိုင်စားသောက်ရာနေရာများသို ့ပင်မသွားရဲမလာရဲတော့ပဲ တောထဲ လက်နက်ကြီးများမကျရောက်နိုင်လောက်သောနေရာများသို ့ ထွက်ပြေးတိမ်းရှောင် နေကြ ရသောကြောင့်ယခုလို ဆန္ဒဖော်ထုတ်ရသည်။
ယခုလိုဆန္ဒဖော်ထုတ်ရာမှာအောက်ပါအချက် (၉) ချက်ကြွေးကြော်ဆန္ဒထုတ်ဖော်ချက်များကို လည်းကြွေးကြော်တောင်းဆိုခဲ့ကြသည်။
၁.မိမိတို ့ဒေသတွင်းရှိဗမာ့တပ်မတော်စစ်စခန်းများပြန်လည်
ဆုတ်ခွာရုတ်သိမ်းပေးရန်။
၂.စစ်အာဏာရှင်စနစ်အပြီးသတ်ကျရှုံးရေး။
၃.၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး။
၄.ဖယ်ဒရယ်ဒီမိုကရေစီဖွဲ ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး။
၅.တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။
၆.လူထုဆန္ဒဖော်ထုတ်မှုများအောင်နိုင်ရမည်။
၇.သံလွင်မြစ်ရေကာတာစီမံကိန်းများအားလုံးဖျက်သိမ်းရေး။
၈.သံလွင်မြစ်ကြောင်းလွတ်လပ်စွာစီးဆင်းစေရေး။
၉.သံလွင်ငြိမ်းချမ်းရေးရည်မှန်းချက်များ အကောင်အထည်ဖော်
ပေါ်ထွန်းရေး။ဟူ၍ဖြစ်ကြသည်။
ဤကဲ့သို ့ဌာနေဒေသခံများမှ ဆန္ဒထုတ်ဖော်ရာတွင် လူသောမြို ့နယ်ဖက်မှာ ဒေသခံများက ၄င်းတို ့ဒေသဆိုင်ရာ ဌာနေဒေသခံတို ့၏ ဘာသာရေးထုံးတမ်းစဉ်လာများနှင့်ဝတ်ပြုဆု တောင်းခြင်း များဖြင့် အစီအစဉ်ကိုတင်ပြီး ဆိုင်းဘုတ်များကိုင်ဆောင်ကာလှည့်လည် ဆန္ဒထုတ်ဖော်ပြ သခဲ့ကြ သလို ဘူးသိုဘက်မှ ဒေသခံများသည်လည်း
လှှေ စီး၍တစ် ဖုံ အီးတူထာ စခန်းအတွင်းလှည့်လည် ၍ တစ်သွယ် အသီးသီး ဆန္ဒထုတ်ဖော်သွားခဲ့ကြသည်။