စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ဒေသခံများ ၏ လုပ်ငန်းခွင် နှင့် နေထိုင်ရာ အရပ်သို့ အာဏာသိမ်းစစ်ကောင်စီ ၏ စစ်တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ (၁၇)ရက်
သူးလေသတင်းစဉ်
၂၀၂၁ ခုနှစ်၊ မတ်လ (၁၆)ရက် နံနက် ၁ဝး၃၀ နာရီခန့်တွင် မူတရော်ခရိုင်၊ လူးသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ထို့မူပလယ်မဲ တွင် စခန်းထိုင်သော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ (တပခ) တပ်စခန်း ခမရ (၂၀) မှ တပ်သားများ သည် ယာ့ကျိုးမှ လေးဒေး တလျှောက် တောင်ယာများကို မီးလိုက်ရှို့ပြီး ဖျက်ဆီး ခဲ့ကာ ၁ဝး၄၅ နာရီ မှ ညနေ ၂း၁၃ နာရီ အထိ လက်နက်ကြီး (၁၅)ချက် အား ပစ်ခတ်ခဲ့ပါသည်။
(၁၅)ရက်နေ့ ညနေ ၃းဝ၀ နာရီ ခန့်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ် စကခ(၄) ခမရ(၇၀၄) မှ ဆိုင်ကယ် (၄)စီးဖြင့် ထီးထော်ပယ် မှ စီဒေး သို့ လာခဲ့ပြီး (၁၆)ရက်နေ့ နံနက် ရးဝ၀ နာရီ ခန့်တွင် ထီးထော်ပယ် စခန်းသို့ ပြန်သွားခဲ့ပါသည်။
ပေါ်နွဲ၊ ပေါ်နွဲခီး၊ တရိပလော၊ ဒူးထောလူ ကျေးရွာ ဒေသခံများ ၏ လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး (၁၅)ချက် ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ခြင်းကြောင့် လယ်မူပလောကျေးရွာ မှ မိသားစု (၅၆)စု၊ လူဦးရေ (၄၇၀)ဦး၊ ဟီဂိုးလိုကျေးရွာ မိသားစု (၂၅)စု၊ လူဦးရေ (၂၈၀)ဦး တို့မှာ ပြေးလွှားရှောင်ပုန်းခဲ့ရပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ (၁၅)ရက် နံနက် ရးဝ၀ နာရီ ခန့်တွင် ထို့မူပလယ်မဲ တွင် စခန်းထိုင်သော (တပခ) ခမရ(၂၀) မှ လက်နက်ကြီး ၁ ချက် ပစ်ခတ်ခဲ့ပါသည်။ ထို့အတူ ၁၂း၃၀ နာရီ ၌ လည်း ကြူလူ နှင့် မောဖူး တွင် စခန်းထိုင်နေသော (တပခ) ခမရ (၄၄၀) မှ သေသားမူဒဲ သို့ လက်နက်ကြီး (၅)ချက်၊ ဒဲကျူဒေး တွင် စခန်းထိုင် နေသော (တပခ) ခမရ (၂၆၄) မှ ဒဲကျူဒေး သို့ လက်နက်ကြီး (၅)ချက်၊ ညနေ ၃း၄၅ နာရီ ၌ ဝါကလေတူ တွင် စခန်းထိုင်နေသော (တပခ) ခမရ (၂၀) မှ ဒူးထောကျိုး သို့ရောက်ရှိလာပြီး လက်နက်ကြီး (၂)ချက်၊ ထို့မူပလယ်မဲ တပ်စခန်းမှ လက်နက်ကြီး (၁)ချက် ကို လယ်မူပလော သို့ ပစ်ခတ်ခဲ့ပါသည်။
အဆိုပါ ပစ်ခတ်မှုများ အပေါ် ဒေသခံ နော်အယ်ပရီး မှ ဒီလိုမျိုး နေ့တိုင်း နီးပါး ပစ်ခတ် ခြောက်လှန့် နေတော့ ကျမ တို့ အနေနဲ့ စိုးရိမ်ထိန်လန့် နေရသလို ညဘက် အိပ်ချိန်တွေ မှာတောင် သတိနဲ့ အိပ်ရပါတယ် ဟု ပြောကြား ခဲ့ပါသည်။